Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်နှင့်ဒုဋ္ဌဝတီမြစ်တို့မှ မြစ်ရေများ တံတားဦးမြို့နယ်တွင် ဝင်ရောက်လျက်ရှိ

ရေများဝင်ရောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု များအတွင်းသို့ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စုများသို့ သြဂုတ် ၁၉ ရက်မှ ယနေ့အထိ အိမ်ခြေ ၁၆၄၈ အိမ်၊ အိမ်ထောင်စု ၁၆၈၅ စု၊ လူဦးရေ ၆၅၆၁ ဦး၊ တိရစ္ဆာန်ပေါင်း ၃၄၃၁ ကောင်တို့အား ရေလွတ်ရာ ကုန်းမြင့်နေရာ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုပြောင်းရွှေ့နေထိုင်ရာ ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ တံတားဦး မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် နှင့် တာဝန်ရှိသူများက မြစ်ရေ ဝင်ရောက်သည့် နေရာများသို့သွား ရောက်ပြီး အားပေးစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန် ရှိသူများသည် ရေဝင်ရောက်သည့် နေရာများကို လိုက်လံကြည့်ရှုပြီး သဲအိတ်များဖြင့် တားသည့်နေရာ များအား ကျိုးပေါက်မှုမရှိစေရေး၊ ရေဝင်ရောက်မှုနည်းနိုင်သမျှ နည်းပါး အောင် ဆောင်ရွက်ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.