ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ အကြောင်း ရေးသားထားသည့် မှတ်စုစာတမ်းများ နှင့် စာအုပ်ပေါင်း ၇၁.၇သန်း ကို နိုဝင်ဘာ ၁၀ ရက်မှ စ၍ ထုတ်ဝေရောင်းချနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၈၆ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားစဉ် နေရပ်စွန့်ခွာကာ အခြားကျေးရွာများသို့ သွားရောက်နေထိုင်သော မွတ်ဆလင် လူမျိုး ၁၄၁ဦးအား ၎င်းတို့နေထိုင်ရာ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် နိုဝင်ဘာလ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရေး...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒိုတို့သည် နိုဝင်ဘာ ၁၀ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲတွင် ဗီယက်နမ်နိုင်ငံဒါနန်းမြို့ရှိ ဒါနန်း Furama Resort၌ တွေ့ဆုံပြီး ရခိုင်ဒေသပြသနာများဖြေရှင်းရေး သဘောထားအမြင်များ ဖလှယ်ဆွေးနွေးကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက...