Connect with us

Education & Health

မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း တချို့ယာယီပိတ်သိမ်း

သောက်ရေသန့်လုပ်ငန်းတစ်ခုအားစစ်ဆေးနေစဉ် (ဓာတ်ပုံ-- YGN FDA)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၃)ရုံ၊ စိစစ်ဆဲ(၂)ရုံနှင့် ထောက်ခံချက်ရရှိပြီးသက်တမ်း(၃)နှစ်ကုန်ဆုံးနေသော စက်ရုံ(၁)ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခြင်းဆောင်ရွက်ခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင်၊ထွေအုပ်)တို့ဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၃)ရုံနှင့် စိစစ်ဆဲသောက်ရေသန့်လုပ်ငန်း(၂)ရုံအား ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှုမရှိသောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့သည့်အပြင် ထောက်ခံချက်ရရှိပြီး သက်တမ်း(၃)နှစ်ကုန်ဆုံးနေသော သောက်ရေသန့်လုပ်ငန်း(၁)ရုံအား ထပ်မံပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်းများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ထောက်ခံချက်လျှောက်ထား၍ GMPနှင့်အညီ ကိုက်ညီမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ပြီး စီစစ်ဆဲလုပ်ငန်းများနှင့် သက်တမ်းကုန်ဆုံးနေသော သောက်ရေသန့် လုပ်ငန်းတို့အနေဖြင့်လဲ ထောက်ခံချက်ရရှိပြီး၊ သက်တမ်းတိုးထောက်ခံချက်ရရှိပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ပိတ်သိမ်အရေးယူခဲ့သော သောက်ရေသန့်များမှာ ဝတီ၊ အာသီသ၊ ရူပါဦး၊ A 10 mile၊ Clever နှင့် Rex အမှတ်တံဆိပ်များဖြစ်ကြောင်း၊ဖော်ပြပါသောက်ရေသန့်များအားထောက်ခံချက်ရရှိသည့်/သက်တမ်းတိုးပြီးသည့် အချိန်တွင် ပြန်လည်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ ၎င်းသောက်ရေသန့်အမှတ်တံဆိပ်များ ဈေးကွက်ထဲတွင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေခြင်းတွေ့ရှိပါကအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-ရန်ကုန်(သို့)မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)သို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ပြီး ဆက်လက်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.