Connect with us

Politics, Law & Military

NLDက ဗဟိုတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

NLD ၏ ဗဟိုပြန်ကြားရေးကော်မတီဖွဲ့စည်းလိုက်သော ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ- NLD)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ကို သြဂုတ်လ ၂၂ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLDထုတ်ပြန်ချက်အရ သိရသည်။

NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုတောင်သူလယ်သမား ရေးရာလုပ်ငန်းအဖွဲ့ကို ဥက္ကဋ္ဌ ဦးညီပု အပါအဝင် အဖွဲ့ဝင် ၉ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏လုပ်ငန်းများ သွက်လက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက်

ဗဟိုပြန်ကြားရေးကော်မတီ၊ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့နှင့် ဗဟိုစီးပွားရေးကော်မတီတို့ကိုလည်း သြဂုတ်လ ၂၁ရက်နေ့က ပြန်လည်ဖွဲ့စည်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.