Connect with us

Politics, Law & Military

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ၏ ကူဝိတ်ခရီးစဉ် သည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန်ဖြစ်ကြောင်း ကူဝိတ်သံအမတ်ကြီး ပြောကြား

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ကျန်းကောလိ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ကျန်းကောလိ ၏ ကူဝိတ်နိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာနက်ရှိုင်းလာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ ကူဝိတ်သံအမတ်ကြီး Sameeh Johar Hayat က ပြောကြားခဲ့သည်။

သြဂုတ် ၂၁ ရက်က စတင်ခဲ့သည့် ယင်းခရီးစဉ်တွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကျန်းသည် ကူဝိတ်နိုင်ငံသို့ ဆယ်စုနှစ်တစ်ခုခန့်အတွင်း သွားရောက်လည်ပတ်ခဲ့သည့်် အဆင့်အမြင့်ဆုံး တရုတ်အရာရှိတစ်ဦး ဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ဒေသတွင်း နှင့် နိုင်ငံတကာအခြေအနေများအတွက် ထင်ရှားသည့် အရေးပါမှုများဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း Hayat ကပြောကြားခဲ့သည်။

၎င်းက ကျန်းသည် ကူဝိတ်ခရီးစဉ်အတွင်း ကူဝိတ်ဘုရင် Sheikh Sabah Al-Ahmad Al-Jaber Al-Sabah၊ ဝန်ကြီးချုပ် Sheikh Jaber Al-Mubarak Al-Hamad Al-Sabah၊ ပထမဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Sheikh Sabah Khaled Al-Hamad Al-Sabah တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံလုံးသည် နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံသည် အာရပ်နိုင်ငံများအနက် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူဝိတ်သံအမတ်ကြီးက ယခုခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများပိုမို ကျယ်ပြန့်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၂၁ ရက်မှ ၂၉ ရက်အထိ ကျန်းကောလိ၏ လေးနိုင်ငံခရီးစဉ်အတွင်း ကူဝိတ်နိုင်ငံခရီးစဉ်သည် ပထမဆုံးဖြစ်ပြီး ယင်းခရီးစဉ်ပြီးနောက် ဆော်ဒီအာရေဗျ၊ ဆူဒန် နှင့် နမီးဘီးယားနိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.