ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မိုးရာသီကာလအတွင်း ယာယီရပ်နားခဲ့သော လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်း/ဖားကန့် ရတနာနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် ကျောက်စိမ်း တူးဖော်ရန် လက်လုပ်လက်စား လုပ်ကွက် (၂၈၆) ကွက်အား ခွင့်ပြုချထားပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာ၌ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်မှ ဇူလိုင် ၂ ရက်နေ့က ကျောက်မျက်လုပ်ကွက်များ တူးဖော်ထားရစ်ခဲ့သည့် ရေအိုင်ဘက်သို့ ကျင်းကမ်းပါး မြေပြိုခဲ့ရာနေရာ အနီး အထက်ပိုင်းကျသည့်မြေမှန်နေရာတွင် ဇူလိုင် ၁၀ရက် ည ၁၁ နာရီခန့်က ခကျန်နှင့် လခူးချောင်...
ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၌ ဇူလိုင် ၂ ရက်တွင် မြေပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး ၊ ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ် နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျသည့် နှစ်ရက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၇၂လောင်းထိ ရရှိထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ယနေ့ ဇူလိုင် ၃ရက် နံနက် ၁၀နာရီထိ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရရှိသူ ၅၄ ဦးရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ညနေ ၆နာရီထိ ရုပ်အလောင်း ၁၄၆ လောင်း ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၂၅ ဦးထိရှိလာကြောင်း နှင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အန္တရာယ်ရှိလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခတ္တရပ်နားထားကြောင်း ဖားကန့်မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဒုဦးစီးမှူးက ဆင်ဟွာသို့ပြောကြားသည်။