ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အန်တန်နန်ရီဗိုလ်၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် မေ ၂ ရက်က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ် မြောက်ပိုင်း Ivatoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဟန်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်းဒေးရှင်းမှ အာဖရိကတိုက်ရှိ ၅၄ နိုင်ငံတွင် COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကူညီရန် ရောဂါစမ်းသပ်ကိရိယာများ၊ နှာခေါင်းစည်းများနှင့် ရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) က တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ ကာကွယ်ရေး အား တိုးချဲ့ ဆောင်ရွက်နေသည့် တစ်ချိန်တည်းမှာပင် အာဖရိက နိုင်ငံများ အပေါ်...
ဟနွိုင်း ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် ၆၃ ခုအနက် ၆၂ ခုတွင် ဝက်တုပ်ကွေးရောဂါ (ASF) ဖြစ်ပွားလျက်ရှိနေသောကြောင့် ဝက်ကောင်ရေ ၄ သန်းကျော်ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သြဂုတ် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့မပေးဆပ်ရသေးသည့်ချေးငွေများကျန်ရှိနေသည့် အာဖရိကနိုင်ငံများအား ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြွေးမြီများ လျှော်ပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အကျိုးရလဒ်များ အတူတကွ မျှဝေခံစားရန် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ရာတွင် အာဖရိကနိုင်ငံများအား တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံနှင့် အာဖရိက ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များအကြား စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော အဆင့်မြင့် ဆွေးနွေးပွဲတွင် သမ္မတ...
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၁၉ ရက်မှ ၂၄ရက်အထိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဆီနီဂေါ၊ ရဝမ်ဒါ နှင့် တောင်အာဖရိက နိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ကာ ဂျိုဟန်နာ့စ်ဘတ်စ်မြို့တွင် ဇူလိုင် ၂၅ ရက်မှ ၂၇ရက်...
နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။
နိုင်ရိုဘီ ၊ ဧပြီ ၂၂ ရက် ( ဆင်ဟွာ ) တရုတ်နိုင်ငံနှင့် အာဖရိကတိုက်အကြား ကုန်သွယ်ရေး ကြီးထွားလာခြင်းနှင့်အတူ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု များပြားလာခဲ့ရာ အာဖရိက တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်များကြားတွင်လည်း တရုတ်ဘာသာစကား သင်ယူသူ များပြားလာကြောင်း သိရသည်။