Connect with us

Africa & Middle East

အီကွေတာဂီနီနိုင်ငံမြို့တော်၌ ပေါက်ကွဲမှုများအတွင်း သေဆုံးသူ ၉၈ ဦး နှင့် ဒဏ်ရာရသူ ၆၁၅ ဦးရှိ

အီကွေတာဂီနီနိုင်ငံမြို့တော်ဘတ်တာတွင် မတ် ၇ ရက်က ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ပြည်သူများ ပြေးလွှားနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ယာအွန်ဒီ၊မတ် ၉ရက်(ဆင်ဟွာ)

အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ လူပေါင်း ၉၈ ဦး သေဆုံးပြီး အခြား ၆၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒုတိယသမ္မတ Teodoro Nguema Obiang Mangue ၏ ပြောကြားချက်ကို ကိုးကား၍ ကျန်းမာရေးဝန်ကြီးဌာန တွစ်တာလူမှုကွန်ရက်တွင် မတ် ၈ ရက်က ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဒဏ်ရာရသူများအနက် ၃၁၆ဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ၂၉၉ ဦး မှာ ဒေသတွင်းရှိ ဆေးရုံ သုံးခုတွင် ဆက်လက်ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဘတ်တာမြို့Nkoatama စစ်စခန်းအတွင်းရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံ မီးလောင်ကျွမ်းပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီကွေတာဂီနီနိုင်ငံသမ္မတရုံးက မတ် ၇ ရက် ညနေပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ကျန်းမာရေးအာဏာပိုင်များက ပြည်သူများအနေဖြင့် သွေး လှူဒါန်းမှုပြုကြရန် နှင့် ကျန်းမာရေးဝန်ထမ်းများအား ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။ အီကွေတာဂီနီနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့၏ ဘတ်တာမြို့အခြေစိုက် အဖွဲ့ခွဲတစ်ခုက ကယ်ဆယ်ရေးများ ကူညီလုပ်ကိုင်ပေးနေသလို ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း တရုတ်သံရုံးက မတ် ၈ ရက် ညနေပိုင်းတွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

မတ် ၈ ရက်တွင် ပေါက်ကွဲမှုများဖြစ်ပွားရာနေရာ၌ ဘေးအန္တရာယ်ကင်းရှင်းသွားပြီဖြစ်ကြောင်း နှင့် ပေါက်ကွဲပစ္စည်းများ သက်ဝင်လှုပ်ရှားမှုမဖြစ်အောင် လုပ်ဆောင်ထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာ ahoraeg.com ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ဘတ်တာမြို့သည် အီကွေတာဂီနီနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးမြို့ကြီးဖြစ်ကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

98 dead, 615 injured in explosions in Equatorial Guinea’s largest city

YAOUNDE, March 8 (Xinhua) — Ninety-eight people were killed and 615 others injured in explosions caused by accidents in Equatorial Guinean’s largest city of Bata, tweeted the country’s health ministry on Monday, quoting Vice President Teodoro Nguema Obiang Mangue.

Of those injured, 316 were discharged, while 299 remain under medical care in three local hospitals, the ministry said.
Explosive warehouses at the Nkoantoma military camp in Bata caught fire following a nearby farm fire, causing successive explosions on Sunday afternoon, according to a statement from the presidency of Equatorial Guinea published on Sunday evening.

Following the accident, health authorities called on people to donate blood and encouraged volunteer health workers to help. The Chinese medical mission in Equatorial Guinea, a branch of which is based in Bata, helped rescue the victims and donated medical equipment, Chinese embassy tweeted on Monday evening.
As of Monday, the explosion sites are out of danger, and the explosives neutralized, according to the local news site ahoraeg.com.
Located on the mainland part of Equatorial Guinea, Bata is the country’s most populous city. Enditem

Photo- Hundreds are injured and more than a dozen dead after a series of large explosions rocked the city of Bata in Equatorial Guinea on Sunday