Connect with us

CHINA

တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA) က အာဖရိက စစ်တပ်များသို့ COVID-19 ကာကွယ်ဆေး ထောက်ပံ့ကူညီ

ဆူဒန်နိုင်ငံ Khartoum အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော တရုတ်ကာကွယ်ဆေးများအား လေယာဉ်ပေါ်မှ သယ်ယူနေသည်ကို မတ် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)က ဆူဒန်နိုင်ငံ စစ်တပ်အား မကြာသေးမီက တောင်းဆိုချက်အရ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု အသုတ်တစ်သုတ်ကို မတ် ၂၇ ရက်တွင် ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)သည် COVID-19 ကာကွယ်ဆေးများကို ဆီယာရာလီယွန်နိုင်ငံ စစ်တပ်အား ထောက်ပံ့ကူညီမှုများ ပေးအပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဆူဒန်နိုင်ငံ စစ်တပ်အား ထိုသို့ ထပ်မံပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတော်မတော်(PLA)သည် ကွန်ဂိုသမ္မတနိုင်ငံ ၊ အီကွေတာဂီနီနိုင်ငံ ၊ တူနီရှားနိုင်ငံ အသီးသီးရှိ စစ်တပ်များထံသို့ မတ် ၂၅ ရက်တွင် COVID-19 ကာကွယ်ဆေးများ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ယင်းပေးအပ်မှုများသည် တရုတ်နိုင်ငံ တပ်မတော်အနေဖြင့် အာဖရိကတိုက်ရှိ နိုင်ငံများမှ စစ်တပ်များအား COVID-19 ကာကွယ်ဆေးများ ပထမဆုံးအသုတ် ပေးပို့ ကူညီခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)

China’s PLA provides COVID-19 vaccine aid to African militaries

BEIJING, March 27 (Xinhua) — The Chinese People’s Liberation Army (PLA) delivered a batch of COVID-19 vaccine aid to the Sudanese military on Saturday at the latter’s request, said China’s Ministry of National Defense.
This came a day after the PLA had provided COVID-19 vaccine aid to the Sierra Leone military.
The PLA also delivered COVID-19 vaccine aid on Thursday to the militaries of the Republic of the Congo, Equatorial Guinea, and Tunisia, respectively. This is the first COVID-19 vaccine assistance from the Chinese military to the armed forces of African nations. ■