Connect with us

CHINA

တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ ထောက်ပံ့ပေးခဲ့ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ အာဖရိကတိုက် မိုဇမ်ဘစ်နိုင်ငံ Maputo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ချက်ချင်းလိုအပ်မှုရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ထောက်ပံ့ပေးအပ်နေကြောင်း နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ကာကွယ်ဆေးများ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အာဖရိကတိုက်မှ နိုင်ငံ ၃၅ နိုင်ငံ နှင့် အာဖရိကသမဂ္ဂကော်မရှင်သို့ COVID-19 ကာကွယ်ဆေးများ ထောက်ပံ့ပေးရန်လည်း စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ အာဖရိကတိုက်သို့ အရေးပေါ်ထောက်ပံ့မှုများ အကြိမ်ရေပေါင်း ၁၂၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အာဖရိက ၁၅ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များ စေလွှတ်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(English Version)
China provides COVID-19 vaccine aid to 69 developing countries: FM
BEIJING, March 7 (Xinhua) — China has provided and is providing COVID-19 vaccine aid free of charge to 69 developing countries in urgent need, while exporting vaccines to 43 countries, State Councilor and Foreign Minister Wang Yi said Sunday. Enditem
China has started to provide COVID-19 vaccines to 35 African countries and the African Union Commission, State Councilor and Foreign Minister Wang Yi said Sunday.
China has so far provided close to 120 batches of emergency supplies to Africa and sent medical expert teams to 15 African countries to support their fight against the pandemic, Wang said.

Photo taken on Feb. 24, 2021 shows the COVID-19 vaccines donated by China at the Maputo International Airport in Maputo, Mozambique