Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အာဖရိကတိုက်ရှိနိုင်ငံများစွာက COVID-19 ရောဂါကာကွယ်ဆေးများ လက်ခံရရှိ

ဇင်ဘာဘွေနိုင်ငံမြို့တော် သို့ တရုတ်နိုင်ငံအစိုးရ မှ ကူညီထောက်ပံ့ပေးသော COVID-19 ရောဂါကာကွယ်ဆေးများ မတ်လ ၁၅ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ မတ် ၉ ရက် (ဆင်ဟွာ)

အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၈ ရက် ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၆၆,၃၅၅ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၁၀၅,၇၆၇ ဦးရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၃,၅၄၄,၈၇၉ ဦးရှိခဲ့ကြောင်း နှင့် အာဖရိကတိုက်ရှိ နိုင်ငံများစွာ COVID-19 ရောဂါကာကွယ်ဆေးများ လက်ခံရရှိခဲ့ကြကြောင်း အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

စာရင်းပြုစုချက်အရ လက်ရှိချိန်တွင် အာဖရိကတိုက်၌ COVID-19 ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံများမှာ တောင်အာဖရိက ၊ မော်ရိုကို ၊ တူနီးရှား ၊ အီဂျစ် နှင့် အီသီယိုးပီးယား နိုင်ငံတို့ဖြစ်ကြကြောင်း ၊ အဆိုပါနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံမှာ အများဆုံးဖြစ်ပြီး ကူးစက်ခံထားရသူ စုစုပေါင်း ၁,၅၂၁,၀၆၈ ဦးရှိကြောင်း ၊ တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် COVID-19 ရောဂါကြောင့် သေဆုံးမှုအများဆုံး ထုတ်ပြန်ခဲ့သည့်နိုင်ငံလည်းဖြစ်ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅၀,၆၇၈ ဦးရှိကြောင်း သိရှိရသည်။

တိုဂိုနိုင်ငံအနေဖြင့် မတ်လ ၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သော COVAX အစီအစဉ်မှ တစ်ဆင့် AstraZeneca ကာကွယ်ဆေး အခုရေ ၁၅၆,၀၀၀ ကိုလက်ခံရရှိခဲ့ကြောင်း ၊ တိုဂိုနိုင်ငံအစိုးရ ၏ မတ်လ ၇ ရက်ထုတ်ပြန်ကြေညာချက်အရ လက်ခံရရှိခဲ့သည့် ကာကွယ်ဆေးများအား ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ နိုင်ငံမြို့တော် နှင့် ပတ်ဝန်းကျင်ဒေသရှိ အသက် ၅၀ နှစ် အထက်လူအုပ်စုကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး မတ်လ ၁၀ ရက်မှစတင်၍ အဆိုပါဦးစားပေးသူများကို ကာကွယ်ဆေးစတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယူဂန်ဒါနိုင်ငံ အနေဖြင့် မတ်လ ၇ ရက် ညနေပိုင်းအချိန်တွင် COVAX အစီအစဉ်မှ တစ်ဆင့် ဒုတိယအသုတ်သော COVID-19 ရောဂါကာကွယ်ဆေး အခုရေ တစ်သိန်းကို လက်ခံရရှိခဲ့ကြောင်း ၊ ယူဂန်ဒါနိုင်ငံအနေဖြင့် မတ်လ ၅ ရက် ညနေပိုင်းအချိန်တွင် အဆိုပါအစီအစဉ် မှ ပထမဦးဆုံး အသုတ်ဖြစ်သော COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၈၆၄,၀၀၀ ကို လက်ခံရရှိခဲ့ကြောင်း ၊ ယူဂန်ဒါနိုင်ငံ ကျန်မားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၈ ရက်၌ COVID-19 ရောဂါကာကွယ်ဆေးများကို မတ်လ ၁၀ ရက်တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးစားပေးခံရသူများမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ ကျောင်းဆရာ နှင့် သက်ကြီးရွယ်အိုများကို အခမဲ့ ထိုးနှံပေးမည်ဟုပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇမ်ဘီယာနိုင်ငံကျန်းမာရေးဝန်ကြီး Jonas Chanda ကမတ်လ ၈ ရက်၌ လတ်တလောရက်ပိုင်းတွင် အာဖရိကတိုက် ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ က ဇမ်ဘီယာနိုင်ငံအား Antigen Detection Kit အခုရေ ၂၄၀၀၀ ကို လှူဒါန်းပေးခဲ့သဖြင့် COVID-19 ရောဂါစစ်ဆေးမှုစွမ်းရည်ကို မြှင့်တင်နိုင်ခဲ့ကြောင်း ၊ အာဖရိကသမဂ္ဂ နှင့် အာဖရိကတိုက် ကူးစက်ရောဂါထိန်းချုပ်မှုစင်တာအား ကျေးဇူးတင်လိုကြောင်း ၊ နိုင်ငံအတွင်း၌ COVID-19 ရောဂါကြောင့် ဆေးရုံတက်ဆေးဝါးကုသမှု ခံယူသူ သိသာစွာကျဆင်းလာပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ ပြန်ကြားရေးဝန်ကြီး Monica Mutsvangwa က မတ်လ ၈ ရက်၌ နိုင်ငံမြို့တော်ရှိ ဆေးရုံ၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသော Sinopharm COVID-19 ရောဂါကာကွယ်ဆေး အား ထိုးနှံပေးခဲ့သည်။ Monica Mutsvangwa က ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် သတင်းမီယာနှင့်တွေ့ဆုံရာတွင် မိမိအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းမှ ပြည်သူလူထု အား ကာကွယ်ဆေးထိုးခြင်း၏ အကျိုးရှိမှုကို ဖြန့်ဝေပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်ဇင်ဘာဘွေနိုင်ငံတွင် ဒုတိယသမ္မတ နှင့် ကျန်းမာရေးဝန်ကြီး ၊ ဒုတိယကျန်းမာရေးဝန်ကြီး စသောအရာရှိများသည် တရုတ်နိုင်ငံ မှ Sinopharm COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီး မတ်လ ၈ ရက်ညပိုင်းအချိန်ထိ ဇင်ဘာဘွေနိုင်ငံတွင် လူပေါင်း ၃၅,၀၀၀ ကျော်က Sinopharm COVID-19 ရောဂါကာကွယ် ဆေး ထိုးနှံမှုခံယူခဲ့ရာ ရှေ့တန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ အန္တရာယ်များသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသူများ နှင့် သတင်းမီဒီယာသများများဖြစ်ကြကြောင်း သိရှိရသည်။

ဆီနီဂေါနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်လာသည်နှင့်အမျှ ကပ်ရောဂါအခြေအနေက ပြန်လည်ကောင်းမွန်လာကြောင်း သိရှိရသည်။ ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall က မတ်လ ၈ ရက်ညပိုင်းအချိန်၌ Dakar ဒေသ နှင့် Thiès ဒေသ တို့တွင် ညမထွက်ရအမိန့်အား ယခင်ထုတ်ပြန်ထားသည့် နေ့စဉ် ည၉နာရီ မှ နောက်နေ့နံနက် ၅ နာရီအချိန်ထိအား ည ၁၂ နာရီ မှ နောက်နေ့နံနက် ၅ နာရီအထိ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ မတ်လ ၆ ရက်ညပိုင်းအချိန်ထိ ဆီနီဂေါနိုင်ငံတွင် လူပေါင်း ၆၅,၀၃၇ ဦးက COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

ဂါနာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၈ ရက်ထုတ်ပြန်ကြေညာချက်အရ ဂါနာနိုင်ငံတွင် မေလပိုင်းကုန်ချိန်မတိုင်မီ COVAX အစီအစဉ်မှ တစ်ဆင့် AstraZeneca COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၊ မတ်လ ၇ ရက်အချိန်ထိ ဂါနာနိုင်ငံတွင် လူပေါင်း ၂ သိန်းကျော် က COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
———————————————-
(Chinese Version)
(国际疫情)综合消息:非洲多国陆续收到新冠疫苗
2021-03-09 15:54:33 分类: 医药卫生
  新华社内罗毕3月8日电综合新华社驻非洲地区记者报道:非洲疾病预防控制中心8日发布的数据显示,非洲累计确诊新冠病例达到3966355例,累计死亡105767例,累计治愈3544879例。同时,多国陆续收到新冠疫苗。
  数据显示,当前累计确诊病例居非洲前几位的国家包括南非、摩洛哥、突尼斯、埃及和埃塞俄比亚。其中南非确诊病例数最多,达1521068例。南非也是非洲报告新冠死亡病例最多的国家,已累计报告死亡病例50678例。
  多哥7日通过世界卫生组织主导的“新冠肺炎疫苗实施计划”收到15.6万剂阿斯利康新冠疫苗。多哥政府当日发布公告称,这批疫苗将优先为医护人员、首都及其周边地区50岁及以上人群接种。自10日起,上述群体可前往即将公布的接种点接种疫苗。
  乌干达7日下午通过“新冠肺炎疫苗实施计划”收到第二批10万剂新冠疫苗。乌干达5日下午通过该计划收到首批86.4万剂疫苗。乌干达卫生部发言人8日表示,该国新冠疫苗接种工作将于10日启动,优先为医护工作者、教师、老人等群体免费接种。
  赞比亚卫生部长乔纳斯•昌达8日表示,近期非洲疾控中心向赞比亚提供了2.4万个抗原检测试剂盒,帮助该国提高新冠病毒检测能力。他感谢非盟和非洲疾控中心对赞比亚抗击新冠疫情的支持,并表示该国新冠住院人数已大幅减少。
  津巴布韦新闻部长穆茨万古瓦8日在首都哈拉雷的威尔金斯医院接种了中国援助的国药集团新冠疫苗。她在接种后向媒体表示,当天是国际妇女节,接种疫苗对她来说就是一种庆祝节日的方式。作为新闻部长,她希望通过自己的行动告诉民众接种疫苗的益处。
  此前,津巴布韦副总统兼卫生部长奇温加、卫生部副部长曼圭罗等官员已接种国药集团新冠疫苗。截至8日晚,津巴布韦已有逾3.5万名一线医护人员、高风险场所工作人员和新闻记者等人群接种了国药集团疫苗。
  随着塞内加尔开展新冠疫苗接种计划,塞疫情出现好转。塞内加尔总统萨勒8日晚宣布将达喀尔大区和捷斯大区的每日宵禁时间从此前的21时至次日5时缩短为午夜至次日5时。截至6日晚,塞内加尔共计有65037人接种了新冠疫苗。
  加纳卫生部8日说,加纳预计5月底前将通过“新冠肺炎疫苗实施计划”接收约200万剂阿斯利康新冠疫苗。截至7日,加纳已有超20万民众接种新冠疫苗。(执笔记者:杨臻;参与记者:田耘、张改萍、汪平、赵宇鹏、张玉亮、邢建桥、许正)(完)

photo
  2月15日,工作人员在津巴布韦首都哈拉雷的罗伯特•穆加贝机场转运中国政府援助的新冠疫苗。新华社发(陈雅琴摄)