မော်စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများဆိုင်ရာ သဘောတူညီချက် ၅ ရပ် ရရှိခဲ့ကြောင်း စက်တင်ဘာ ၁၀...
နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၀,၈၀၂ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁,၀၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေသည် စက်တင်ဘာ ၃ ရက်၌ ၃,၈၅၃,၄၀၆ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ၆၇,၃၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နယူးဒေလီ ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူမှာ ဩဂုတ် ၃၁ ရက်တွင် ၃,၆၂၁,၂၄၅ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၆၄,၄၆၉ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
နယူးဒေလီ ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကုတင် ၅၀၀ ဆံ့ ယာယီဆေးရုံကြီး နှစ်ရုံကို အရေးပေါ်တည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး(PMO) က ဩဂုတ် ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈ ဒသမ ၁ သန်းကျော် ရေဘေးကြုံတွေ့လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် လေယာဉ်ပြေးလမ်းချော်၍ နှစ်ပိုင်းကျိုးပျက်ကာ လေယာဉ်မှူးနှစ်ဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့ပြီး တစ်ရာကျော်ဒဏ်ရာရရှိခဲ့ကြောင်း Air India Express က ဩဂုတ် ၈ ရက်နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ယနေ့ (ဩဂုတ် ၇ ရက်) ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အရေအတွက်သည် သြဂုတ် ၇ ရက်တွင် ၂ သန်းကျော်အထိ ရောက်ရှိလာကာ ၂,၀၂၇,၀၇၄ ဦး ရှိပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ရာတွင် positive တွေ့ရှိခဲ့ရသဖြင့် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ဩဂုတ် ၂ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။