Connect with us

Asia

အိန္ဒိယနိုင်ငံ အစိုးရက သင်္ဘောသားများအား COVID-19 ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမည်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ် Prayagraj မြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ အငယ်တန်းဝန်ကြီး Mansukh Mandaviya က သင်္ဘောသားများအား သင်္ဘောဖြင့် တာဝန်ထမ်းဆောင်ခြင်းမပြုမီ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်၌ ပြောကြားခဲ့သည်။

ပင်လယ်ပြင်လုပ်ငန်းမှာ COVID-19 ကာကွယ်ဆေးမထိုးနှံရခြင်းကြောင့် နှောင့်နှေးမှုများ မရှိသင့်ကြောင်း သင်္ဘောသားများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအဆင့်အား ပြန်လည်သုံးသပ်စဉ် အဆိုပါ ဝန်ကြီးက မှတ်ချက်ပြု ပြောခဲ့သည်။

“အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ သင်္ဘောသားလုပ်ငန်းမှာ အလွန်အရေးပါတဲ့ ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းသဘောသဘာဝအရ သင်္ဘောသားတွေကို ကာကွယ်ဆေးထိုးနှံရေးမှာ ဦးစားပေးဖို့ တောင်းဆိုချက်တွေ အများကြီးရှိနေပါတယ်။ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့လည်း သင်္ဘောသားတွေကို COVID-19 ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးဖို့ ကျန်းမာရေးနှင့် မိသားစုဖူလုံရေး ဝန်ကြီးဌာနနှင့်အတူ တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်” ဟု တရားဝင်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဓိကဆိပ်ကမ်းများတွင် ကာကွယ်ဆေးစင်တာများ စတင်နေပြီဖြစ်ကာ Mumbai မွမ်ဘိုင်း ၊ ကိုချင်း ၊ ချန်နိုင်း ၊ ဗီဇခါပတ်နမ် ၊ ကိုးလ်ကတ္တား နှင့် တူတီကိုရင် စသည့် အဓိကဆိပ်ကမ်း ၆ ခုတွင် ၎င်းတို့၏ ဆိပ်ကမ်းဆေးရုံ၌ သင်္ဘောသားများအား ကာကွယ်ဆေးထိုးနှံခြင်း စတင်လျက်ရှိကြောင်း ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် သင်္ဘောသားအဖွဲ့အစည်းများစွာကလည်း သင်္ဘောသားများ ကာကွယ်ဆေးထိုးရန်အတွက် ကီရာလာပြည်နယ်ရှိ ကာကွယ်ဆေးထိုးပေးသော အထူးနေရာများနှင့် ပုဂ္ဂလိကဆေးရုံတစ်ရုံ၌ စုစည်းပေးထားကြောင်း သိရသည်။ (Xinhua)

#India, #COVID_19, #Seafarer, #Vaccination, #Xinhua, #Myanmar, #XinhuaMyanmar, #အိန္ဒိယ, #သင်္ဘေား, #ကာကွယ်ဆေးထိုးနှံခြင်း, #ဆင်ဟွာ
…………………………………………
(English Verion)

Indian gov’t to prioritize COVID-19 vaccination for seafarers

NEW DELHI, June 5 (Xinhua) — India’s federal junior minister of ports, shipping and waterways Mansukh Mandaviya said Saturday that all efforts should be made to get the seafarers vaccinated before joining their scheduled duties on board.

The functioning of seafaring industry should not get hampered due to non-vaccination of COVID-19, said the minister, who made the comments while reviewing the status of COVID-19 vaccination to the seafarers.

“India plays a very significant role in the global seafarer industry. There have been demands from many quarters to accord priority to seafarers in the vaccination drive in view of the nature of their work. The ministry of ports, shipping and waterways also coordinated actively with the ministry of health and family welfare to give priority to seafarers in COVID-19 vaccination,” an official statement said.

The federal ministry of ports, shipping and waterways said major ports have started vaccination centers and six major ports – Mumbai Port Trust, Cochin Port Trust, Chennai Port Trust, Visakhapatnam Port Trust, Kolkata Port Trust and Tuticorin Port Trust – have started vaccinating seafarers at their port hospital.

Besides, several seafaring associations have organized special camps for vaccination and a private hospital in Kerala has also been roped in for vaccinating seafarers. Enditem
A man receives a shot of COVID-19 vaccine at a hospital in Prayagraj, India’s northern state of Uttar Pradesh, on April 10, 2021. India is witnessing a resurgence in COVID-19 cases. The federal health ministry on Saturday morning said 145,384 new COVID-19 cases and 794 related deaths were registered in the past 24 hours across the country. (Str/Xinhua)