Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃)သိန်းကျော် ရှိလာ

နယူးဒေလီ၊ မေ ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် မေ ၂၄ ရက်အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃၀၃,၇၂၀)ဦး အထိရှိလာရာ အမေရိကန်၊ ဘရာဇီးပြီးလျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာ(၃)သိန်းကျော်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၂၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ (၂၂၂,၃၁၅)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၆,၇၅၂,၄၄၇)ဦး၊ ထပ်တိုးသေဆုံးသူ (၄,၄၅၄)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၃၀၃,၇၂၀)ဦး အသီးသီးရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ ၌ ကိုဗစ်လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရ ကိန်းဂဏန်းမျာအရ အိန္ဒိယနိုင်ငံ၏ ကိုဗစ်သေဆုံးလူနာဦးရေသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃ ရက်က (၁)သိန်းကျော်ရှိခဲ့ရာ (၉)လ နီးပါးကြာ ကာလအတွင်း မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် (၇)လကြာကာလအတွင်း သေဆုံးလူနာ (၁)သိန်းထပ်တိုးခဲ့ကြောင်း ၊ ယခုနှစ် ဧပြီ ၂၈ ရက်တွင် သေဆုံးလူနာ (၂)သိန်းကျော်ရှိခဲ့ရာ ထိုမှ သေဆုံးလူနာ (၃)သိန်းကျော်ထိ ဖြစ်လာရန် (၂၆)ရက်သာကြာမြင့်ခဲ့ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ ၌ ကိုဗစ်လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားပြီးနောက် အိန္ဒိယ၏ ကပ်ရောဂါကာကွယ်မှုအခြေအနေ တဟုန်တိုး ဆိုးဝါးလာခဲ့ပြီး နေ့စဉ်ထပ်တိုးသေဆုံးသည့် လူနာဦးရေသည် ရက်သတ္တပတ်များစွာ (၄,၀၀၀)ခန့် ရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့်အပတ်တွင် နေ့စဉ်ထပ်တိုးသေဆုံးသူ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ မေ ၁၉ ရက်တွင် ထပ်တိုးသေဆုံးလူနာ (၄,၅၂၉)ဦးရှိခဲရာ ယင်းမှာ နိုင်ငံအတွင်း ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက် သေဆုံးလူနာဦးရေစံချိန်သစ်တင်ခဲ့သည့်နေ့ရက်ဖြစ်သလို ယနေ့အထိ ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံ၌ တစ်ရက်အတွင်း သေဆုံးလူနာအများဆုံးစံချိန် ဖြစ်ကြောင်းသိရသည်။

အချိန်တိုအတွင်း ကိုဗစ်လူနာ တစ်ဟုန်တိုး များပြားလာခြင်းကြောင့် ဆေးကုသရေးအရင်းအမြစ် ကျပ်တည်းခြင်းနှင့်အောက်စီဂျင်စသည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ အရေးပေါ်လိုအပ်ခြင်းများကြောင့် သေဆုံးလူနာဦးရေ တိုးပွားလာခြင်း ဖြစ်နိုင်ကြောင်း အိန္ဒိယမီဒီယာများက ယူဆကြသည်။ ကပ်ရောဂါ ဆိုးဝါးလာသည့်အခြေအနေကို ရင်ဆိုင်ရန် နယူးဒေလီ၊ မဟာရာရှ်ထရာ၊ အက်တာ ပရာဒါက်ရှ်၊ ရာဇဌာန်ပြည်နယ်စသည့် ဒေသများတွင် လော့ခ်ဒေါင်းအစီအမံများချကာ ရောဂါပြန့်ပွားမှုကို လျော့ကျအောင် လုပ်ဆောင်နေကြောင်း သိရသည်။ အိန္ဒိယ ဗဟိုအစိုးရက ယခုလဆန်းတွင် အောက်စီဂျင်ထုတ်လုပ်မှုနှင့်ပံ့ပိုးမှုကို မြှင့်တင်ရန် နည်းလမ်းများ ချမှတ်ခဲ့ရာ လက်ရှိ ဆေးရုံသုံးအောက်စီချင်လိုအပ်ချက်ကို လာမည့်ကာလတွင် ဖြေလျှော့နိုင်မည်ဟု မျှော်မှန်းထားသည်။

ယခုကာလများတွင် အိန္ဒိယ၏ နေ့စဉ်ထပ်တိုးကိုဗစ်လူနာဦးရေး ကျဆင်းလျက်ရှိကြောင်း ၊ သို့သော်လည်း သေဆုံးလူနာဦးရေ၏ထုတ်ပြန်မှုသည့် အတည်ပြုလူနာဦးရေထုတ်ပြန်မှုထက် ရက်သတ္တပတ် နှစ်ပတ်ခန့်နောက်ကျကြောင်း ၊ လက်ရှိ သေဆုံးလူနာဦးရေသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ သတင်းအရ သိရသည်။ (Xinhua)
———————————————
(Chinese Version)

(国际疫情)印度累计新冠死亡病例数超过30万

新华社新德里5月24日电(记者赵旭)印度累计新冠死亡病例24日达到303720例,成为继美国、巴西后第三个累计新冠死亡病例数超过30万例的国家。

据印度卫生部24日公布的疫情数据,印度较前一日新增新冠确诊病例222315例,累计确诊26752447例;新增死亡4454例,累计死亡303720例。

官方数据显示,印度的累计新冠死亡病例于去年10月3日超过10万例,用时近9个月;随后7个月内死亡病例又增10万例,累计死亡病例在今年4月28日超过20万例;从20万例到超过30万例仅用时26天。

今年暴发第二波新冠疫情后,印度防疫形势迅速恶化,连续数周单日新增死亡病例平均达到约4000例,过去一周内单日新增死亡病例连创新高。据印度卫生部统计,5月19日该国新增新冠死亡病例4529例,创其新冠疫情暴发以来单日死亡病例数新高,也是迄今全球范围内一国单日新冠死亡病例数最高值。

印度媒体分析认为,由于短期内印度的新冠确诊病例激增,出现医疗资源挤兑和氧气等医疗物资急缺,是造成新冠死亡病例增长的主要原因。为应对疫情急剧恶化,新德里、马哈拉施特拉邦、北方邦、拉贾斯坦邦等多地已实施封锁,以减缓疫情蔓延。印度中央政府也于本月初制定增加氧气生产和供应的措施,以期缓解该国目前面临的医用氧气短缺问题。

据印度媒体报道,尽管近期印度单日新冠确诊病例数多日下降,但由于死亡病例报告相对于确诊病例报告滞后两周左右,因此当前死亡病例数仍维持高位。(完)
图说1:5月24日,医务人员在印度博帕尔为一名男子进行新冠检测取样。
图说2:5月24日,医务人员将一名新冠患者送往印度班加罗尔一家医院。
图说3:5月24日,医务人员将一名新冠患者送往印度班加罗尔一家医院。