Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် Yaas ဆိုင်ကလုန်းမုန်တိုင်းရှေ့ပြေး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး

နယူးဒေလီ၊ မေ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် မေ ၂၅ ရက်က Yaas ဆိုင်ကလုန်းမုန်တိုင်းရှေ့ပြေးအဖြစ် လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး နေအိမ် ၄၀ ပျက်စီးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။အဆိုပါ လူ ၂ ဦးသည် အနောက်ဘန်ဂေါပြည်နယ် မြို့တော် ကိုလ်ကတ္တား၏ မြောက်ဘက် ၅၄ ကီလိုမီတာခန့်အကွာရှိ Hooghly ခရိုင်တွင် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဂျဟာခန်ပြည်နယ်မြို့တော် ရန်ချီမြို့ပြင်ပ၌ Yaas ဆိုင်ကလုန်းမုန်တိုင်းအကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ပြီးနောက် Patratu တောင်ကုန်းတွင် တိမ်မည်းများအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

“Chinsura မြို့မှာ လေဆင်နှာမောင်း တိုက်ခတ်မှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ လေဆင်နှာမောင်းက တစ်မိနစ်ခွဲခန့် တိုက်ခတ်ခဲ့ပြီး နေအိမ် ၄၀ လုံး ပျက်စီးသွားခဲ့တယ်လို့ ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က ပြောပါတယ်” ဟု Banerjee ၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်ကို ကိုးကား၍ NDTV ဒေသတွင်း ရုပ်မြင်သံကြားလိုင်းက သတင်းဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့မှ ၂၀၀ ကီလိုမီတာခန့်အကွာ၊ Digha ပင်လယ်ကမ်းခြေအား မေ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

Yaas ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၂၆ ရက် မွန်းလွဲပိုင်း၌ အနောက်ဘန်ဂေါ-ဩရိသ ကမ်းရိုးတန်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။မုန်တိုင်းရှောင်စခန်းများစွာသို့ ရွှေ့ပြောင်းနေထိုင်သူ ၉၀၀,၀၀၀ နီးပါးရှိကြောင်း ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့မှ ၂၀၀ ကီလိုမီတာခန့်အကွာ၊ Digha ပင်လယ်ကမ်းခြေအား မေ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

“Yaas ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၉၀၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။ ကျွန်မတို့ အခြေအနေကို အချိန်နဲ့အမျှစောင့်ကြည့်နေပါတယ်။ တားမြစ်ထားတဲ့အဆင့်တွေမှာ အထူးအဖွဲ့တွေ ထားရှိပြီး အဆင့်မြင့် အရာရှိတွေကလည်း အခြေအနေကို ကြီးကြပ်ဖို့ ကျွန်မတို့ တာဝန်ပေးအပ်ထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

…………………………………………
(Zawgyi Version)

2 killed in tornado ahead of cyclone Yaas in India’s West Bengal

NEW DELHI, May 25 (Xinhua) — At least two people were killed and 40 houses were damaged in India’s eastern state of West Bengal Tuesday during a tornado ahead of cyclone Yaas, local media quoting Chief Minister Mamata Banerjee as having said.

The two persons were killed due to electrocution in Hooghly district, about 54 km north of Kolkata, the capital city of West Bengal.
“Bengal Chief Minister Mamata Banerjee said today that two people died after being electrocuted during a tornado at Chinsura,” a local television channel NDTV, quoted Banerjee as having said during a press conference. “The tornado, which lasted for a minute and a half, and destroyed 40 houses.”
Cyclone Yaas is expected to hit the West Bengal-Odisha coast on Wednesday afternoon.

According to the chief minister, nearly 900,000 people have been evacuated from vulnerable areas to various relief centres.
“We have evacuated around nine lakh (900,000) people in view of cyclone Yaas. We are monitoring the situation round the clock. We have set up war rooms at block levels and senior officials have been given responsibilities to oversee coordination,” she said. Enditem

1-A volunteer illustrates the path of an upcoming cyclone to homeless people in Kolkata, India, on May 24, 2021. (Str/Xinhua)
2-Dark clouds hover Patratu hill after an alert issued by Indian Meteorological Department about cyclone Yaas on the outskirts of Ranchi, capital of Jharkhand on May 25, 2021. (Str/Xinhua)

3- 4 – Photo taken on May 25, 2021 shows the view of the Digha sea beach around 200kms from Kolkata, India. (Str/Xinhua)■