ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မူလနေရာဟု နိုင်ငံရေးကစားခြင်းနှင့် ပြက်ရယ်ပြုခြင်းများကို အခိုင်အမာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဂျပန်နိုင်ငံ ခေါင်းဆောင်၏ မကြာသေးမီက မှတ်ချက်စကားများအပေါ် မေ ၂၆ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အင်္ဂလန်ပရီးမီးယားလိဂ်မှ အာဆင်နယ်ဘောလုံးအသင်းသည် ၎င်းတို့၏ ပထမအသင်းကစားသမားများနှင့် နည်းပြချုပ် မီကဲလ်အာတီတာ (Mikel Arteta) အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် အသင်းအားပြန်လည် ထောက်ပံ့ရန် ၎င်းတို့၏လုပ်ခလစာထဲမှ ၁၂.၅ ရာခိုင်နှုန်း ဖြတ်တောက်မှုအပေါ် သဘောတူခဲ့ကြကြောင်း ကလပ်အသင်းက ကြေညာခဲ့သည်။
လန်ဒန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိရာမှ ဧပြီ ၉ ရက်က အထူးကြပ်မတ်ကုသဆောင်မှ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုကျို၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ပြန့်နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာပြီး ၂ ရက်အကြာ ယနေ့ ဧပြီ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါ ကူးစက်ခံရသူပေါင်း ၅,၀၀၂ ဦး ရှိကြောင်း...
ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့်...
တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် နိုဗယ် ကိုရိုဗိုင်းရပ်စ် ရောဂါ(COVID-19) ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၌ အရေးပါသော သဘောတူညီမှု ရရှိခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ကာ လက်ရှိ အခက်အခဲများကို အတူတကွ လက်တွဲကျော်လွှားရန် ကတိပြုခဲ့ကြောင်း...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဟူပေ ပြည်နယ် ပြင်ပ၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ရောဂါ အသစ် ဖြစ်ပွားမှုနှုန်းမှာ ၁၀ ရက် ဆက်တိုက် ကျဆင်းလာကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်ထံမှ သိရသည်။
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်မည့် ပထမဆုံးဆေးဝါးကို လာမည့် ၁၈ လတွင် စတင်အသုံးပြုနိုင်မည်ဟု ဖေဖော်ဝါရီ ၁၁ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။