ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသုံးဗလာစာအုပ်များ အပါအဝင် သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခံရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ ဇွန် ၇ ရက်ထုတ် နေ့စဉ်သတင်းစာများတွင် ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် ယနေ့(ဖေဖော်ဝါရီ ၂ ရက်)၌ လူ ၁၀ဦးတွင် အိုမီခရွန်ဗီဇပြောင်းပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ပြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
စစ်ကိုင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၀၀၀ကျော်ရှိရာမှ မေလ ၁၅ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ ၄၀၀နီးပါးကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီး ဦးမိုးကျော်သူက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအားယာယီပိတ်သိမ်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံများအား ဧပြီ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ လက်ရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ ၅၃ ရုံ ပြန်လည်ဖွင့်လှစ်ခွင့်ရနေပြီဖြစ်ကြောင်း...
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ထူးဟန်သစ်ကုမ္မဏီလုပ်ကွက်ရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မေ ၂၇ ရက် ညပိုင်း အလုပ်ဆင်းချိန်၌ မီသိန်းဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် လူ ၄ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် တွင် ကျောက်စိမ်းအရိုင်းတုံး ၁၉၃ တုံး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၂၂၀၀ကျော် ယနေ့ ဧပြီ ၂၆ ရက်၌ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် ယနေ့ ဧပြီ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ် ၁,၁၇ဝ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။