Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်/စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် လွတ်မြောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်မုံရွာ၏ မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် ယနေ့ ဧပြီ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ကလေးထောင်မှ အကျဉ်းသား/သူ ၂၂၄ဦး၊ ကသာထောင်မှ ၃၃၃ ဦး၊ ရွှေဘိုထောင်မှ ၇၂ ဦး၊ မုံရွာထောင်မှ ၄၆ ဦး၊ ခန္တီးထောင်မှ ၂၈၆ ဦး၊ မြို့သစ်စခန်းမှ ၄၃ဦး၊ သနန်စခန်းမှ ၄၆ ဦး၊ ဗန္ဓုလစခန်းမှ ၄၄ ဦး၊ အုတ်ဖိုကန်ဘောင် စခန်းမှ ၆၅ ဦး၊ ရာဇဂြိုလ်(၁)စခန်းမှ ၅၅ဦးနှင့် ရာဇဂြိုလ်(၂)စခန်းမှ ၅၅ဦး စုစုပေါင်း ၁၂၆၉ ဦး လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဥ်းသား/သူ ၉၅၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117