Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား ဘိန်းဆီခဲများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ် ၁,၁၇ဝ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၁ဝ ရက် ၁၃း၄၅နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင် များသည် အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ အင်းတော် မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ နဘားလမ်းဆုံတွင် အင်းတော်မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ သဖန်းပင်ရက်ကွက်နေ မြင့်ဇော် ၅၂ နှစ်မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဆီခဲစုစုပေါင်းအလေးချိန် ၁၉.၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၇ဝ သိန်း)၊ မြန်မာငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအားအင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.