Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် တွင် ကျောက်စိမ်းအရိုင်းတုံး ၁၉၃ တုံး ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ကျောက်စိမ်းအရိုင်းတုံးများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် တွင် ကျောက်စိမ်းအရိုင်းတုံး ၁၉၃ တုံး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့ ၀၀း၃၀ အချိန် အင်းတော်မြို့နယ်၊ မြစ်ကြီးနား-ရွှေဘိုကားလမ်း နဘားစုပေါင်းစစ်ဆေးရေးဂိတ်၌ အင်းတော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဦးစီးသည့် ပူးပေါင်း အဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် မြစ်ကြီးနားမှ ရွှေဘိုသို့ ကိုကိုဦး(၃၂)နှစ် မောင်းနှင်လာသည့် 6J/×××× Forland ယာဉ် (လိုင်စင်-စိစစ်ဆဲ)မှာ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ရွှေဘို-မြစ်ကြီးနားကားလမ်း နန့်ခင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်အား စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် လမ်းခင်းကျောက်များ ဖုံးအုပ်၍ သိုဝှက်သယ်ဆောင်လာသည့် အဝါရောင်တိပ်များဖြင့်ပတ်လျက် ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ ၁၉၃ တုံး(၁၀၃၄ ကီလို)အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကိုကိုဦးအား အင်းတော်မြို့မရဲစခန်း (ပ)၈၆/၂၀၁၉၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.