ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းနှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်း” ခေါင်းစဉ်ဖြင့် နိုင်ငံတကာဖိုရမ်ကို ပေကျင်းမြို့၌ မတ် ၂၆ ရက်က ကျင်းပခဲ့ပြီး တရုတ်၊ ယူကေနှင့် ပြင်သစ် အပါအဝင် နိုင်ငံ ၁၄ နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ နီးပါး...
ဝူဟန့်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့ ဟန့်ရန်ခရိုင် ယန်စစ်ဆိပ်ကမ်း မြို့ပြ Tပုံသဏ္ဌာန်စင်မြင့်ရှိ “ကော်ဖုန်း”ဘတ်စကက်ဘောကွင်းသည် ယခုရက်ပိုင်းများတွင် လူကြိုက်များ ရေပန်းစားလာခဲ့သည်။ မြို့နေပြည်သူအများအပြားက ယင်းနေရာသို့ လာရောက်အပန်းဖြေလေ့ ရှိခြင်းကြောင့် ဝူဟန့်မြို့ မြစ်ကမ်းနံဘေး၏ တစ်မူထူးခြားသော အလှမြင်ကွင်းဖြစ်လာသည်။
ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hournနှင့် ပေကျင်းမြို့တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချင်ကန်းက ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ပို၍နီးကပ်မှုရှိသည့် တရုတ်-အာဆီယံ...
ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် ပေကျင်းမြို့၌ မတ် ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်ကောင်းမွန်လာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မေလတွင် National Tourism Day ကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မေ ၁၉ ရက်တွင် ကျရောက်မည့် National Tourism Day...
ထိုက်ယွမ်၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ မြှင့်တင်ရန် ယခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၂၅,၀၀၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် နှစ်မကုန်မီက ယင်းပြည်နယ်၌ 5G အခြေစိုက်စခန်း စုစုပေါင်း...
ဟန်ကျိုး၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စက်မှုလုပ်ငန်းစီးပွားရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို အာရုံစိုက်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် မကြာသေးမီနှစ်များက ကုန်ထုတ်လုပ်မှုလုပ်ငန်း ထပ်မံဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်သော အိမ်ထောင်စုများ အရေအတွက်မှာ ၃.၀၈...
မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် မကြာသေးမီက အမျိုးသား အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်း သရုပ်ပြဇုန် တည်ဆောက်ရန် မြှုပ်နှံထားခဲ့သည်။ ယင်းနေရာ၌ ဝေဟင်အားကစားနည်းများနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်လျက်ရှိသည်။ လေယာဉ်ပေါ်မှ လေထီးခုန်ခြင်းနှင့် လေဟုန်စီးခြင်း စသည့် ဝေဟင်အားကစားနည်းများကို တွေ့ကြုံခံစားနိုင်ရန် ဟိုင်နန်ပြည်နယ်သို့ လာရောက်သည့်...
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahutaနှင့် မတ် ၂၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက...
ထျန်းကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဥရောပလေယာဉ်ထုတ်လုပ်ရေး Airbus က တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ Final Assembly Line Asia (FALA) စက်ရုံ၌ တပ်ဆင်သော A321neo လေယာဉ်ကို မတ် ၂၄ ရက်က စတင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပထမဆုံး...