Connect with us

Media

တရုတ်နိုင်ငံက ၁၅ နှစ်ဆက်တိုက် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်ရှိနေ

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၅ နှစ်ဆက်တိုက် ဆက်လက်ရှိနေဆဲဖြစ်ကာ နှစ်ဘက်ကြား ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်သူက ဇန်နဝါရီ ၃၁ ရက်၌ ပြောကြားခဲ့သည်။

“စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုက တရုတ်-အာဖရိက ဆက်ဆံရေးရဲ့ အခြေခံနဲ့ တွန်းအားဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ ကျန်းဝေက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ရှေ့ပြေးဇုန်တစ်ခု တည်ဆောက်ရန် အစီအစဉ်ကို တရုတ်နိုင်ငံတော် ကောင်စီက ခွင့်ပြုခဲ့သည်။
အဆိုပါ အစီအစဉ်အရ တရုတ်နိုင်ငံသည် အာဖရိကနှင့် ၂၀၂၇ ခုနှစ်မတိုင်မီ နိုင်ငံတကာ လွှမ်းခြုံမှုတွင် သေချာသော အဆင့်တစ်ခု ရောက်ရှိရေးအတွက် တံခါးဖွင့်ဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအဖြစ် ရှေ့ပြေးဇုန် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကပန်းတိုင်ကတော့ အာဖရိကနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတကာအဆင့် ယှဉ်ပြိုင်မှုပလက်ဖောင်းတစ်ခု တည်ဆောက်ဖို့ပါပဲ” ဟု ကျန်းက ပြောသည်။

နှစ်ဘက်အနေဖြင့် ရှေ့ပြေးဇုန်၏ ဦးဆောင်အခန်းကဏ္ဍမှ အပြည့်အဝပါဝင်ခြင်း၊ အသွင်ကူးပြောင်းမှု မြှင့်တင်ခြင်း၊ နှစ်ဘက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် တရုတ်နှင့် အာဖရိကရှိ ပြည်သူများ အကျိုးကျေးဇူး ပိုမိုရရှိစေခြင်း စသည်တို့ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ (Xinhua)

……………………………
(English Version)
China remains Africa’s largest trading partner for 15 consecutive years
BEIJING, Jan. 31 (Xinhua) — China has remained Africa’s largest trading partner for 15 consecutive years, with bilateral trade reaching a record 282.1 billion U.S. dollars in 2023, a Ministry of Commerce official said on Wednesday.
“Economic and trade cooperation is the ballast and propeller of China-Africa relations,” said Ministry of Commerce official Jiang Wei said at a press conference.
China’s State Council has approved a general plan to build a pilot zone for in-depth China-Africa economic and trade cooperation.
According to the plan, China will establish the pilot zone as a platform for opening-up to and cooperation with Africa that has a certain level of international influence by 2027.
“The main goal is to build an internationally competitive platform for cooperation with Africa,” Jiang said.
In the years to come, the two sides will give full play to the leading role of the pilot zone, promote the transformation and upgrading of bilateral economic and trade cooperation, and deliver more benefits to the people in China and Africa, he said.