Connect with us

China

ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦး အပါအဝင် ၁၀ ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံထံ လွှဲပြောင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာသော ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ပယ်ဆောက်ချိန်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုးကန့်ဒေသ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးတို့အား တရုတ်နိုင်ငံထံ ဇန်နဝါရီ ၃၀ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ သံသယရှိသူ ၁၀ ဦးအား တရုတ်ရဲတပ်ဖွဲ့က စင်းလုံးငှားလေယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကူမင်းမြို့သို့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က တရားဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ် အထင်ကရ ရလဒ်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာသော ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ပယ်ဆောက်ချိန်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို တရုတ်ရဲတပ်ဖွဲ့က စင်းလုံးငှားလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

……………………………..
(English Version)
CHINA-YUNNAN-KUNMING-CRIMINAL SUSPECTS-MYANMAR-HANDOVER (CN)
The Myanmar police on Tuesday handed six key leaders of Kokang telecom fraud gangs and four other major criminal suspects over to China, according to China’s Ministry of Public Security.
The ten suspects were escorted by Chinese police officers back to China via a charter flight that landed in Kunming on Tuesday evening, the ministry said, adding that it is another landmark achievement of Chinese and Myanmar police cooperation in law enforcement.
Photo 1, 2: Criminal suspect Bai Suo Cheng is escorted by Chinese police officers at the Kunming Changshui International Airport in Kunming, southwest China’s Yunnan Province, Jan. 30, 2024. (Xinhua/Yin Gang)
Photo 3: Criminal suspects escorted by Chinese police officers are pictured on a charter flight to China, Jan. 30, 2024. (Xinhua/Yin Gang)