Connect with us

Media

တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်ရှိ ပေါင်းကူးတံတားကြီးကို အများပြည်သူဖြတ်သန်းသွားလာရန် ဖွင့်လှစ်

ဟဲချီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော Tian’e Longtan သံကူကွန်ကရစ် ပေါင်းကူးတံတားကြီးကို အများပြည်သူ ဖြတ်သန်းသွားလာနိုင်ရန် ဖေဖော်ဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။
ကွမ်ရှီးဒေသ ဟဲချီမြို့၊ Tian’e ခရိုင်ရှိ ဟုန်ဆွေ့မြစ်ပေါ်တွင် တည်ရှိသော အဆိုပါ တံတားကြီးသည် နှစ်လမ်းမောင်း လေးလမ်းသွားတံတားဖြစ်ကာ စုစုပေါင်း အလျား ၂,၄၈၈.၅၅ မီတာရှိပြီး တံတားခန်းဖွင့်အရ ကမ္ဘာ့အရှည်ဆုံး သံကူကွန်ကရစ် ပေါင်းကူးတံတားဖြစ်သည်။
Tian’e Longtan တံတားဖွင့်လှစ်ခြင်းသည် ကွမ်ရှီးဒေသ Tian’e ခရိုင်နှင့် နန်သန်းခရိုင်ကို ချိတ်ဆက်ပေးထားသော နန်ထျန်း အဝေးပြေးလမ်းမကြီး ပြီးစီးခြင်း အထိမ်းအမှတ်လည်းဖြစ်ကာ ခရီးသွားကြာမြင့်ချိန်ကို တစ်နာရီခွဲမှ မိနစ် ၄၀ အထိ လျှော့ချပေးကြောင်း၊ တံတားကြီး၏ ပင်မအဆောက်အအုံ တည်ဆောက်မှုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ကြောင်း သိရသည်။
Tian’e Longtan တံတား တည်ဆောက်ပြီးစီးခြင်းသည် ကွန်ကရစ်ပေါင်းကူးတံတားများ ဆင့်ကဲပြောင်းလဲမှုတွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုတံတားကြား တည်ဆောက်စဉ် စိန်ခေါ်မှုများစွာကို ကျော်လွှားနိုင်ခဲ့ကာ ဆန်းသစ်တီထွင်မှုများလည်း ရရှိခဲ့သလို အနာဂတ်တွင် ကွန်ကရစ်ပေါင်းကူးတံတားများ တည်ဆောက်မှုအတွက် လမ်းခင်းလိုက်ခြင်းလည်းဖြစ်ကြောင်း Chinese Academy of Engineering မှ ပညာရှင် Zheng Jielian က ပြောခဲ့သည်။ (Xinhua)

…………………………………
(English Version)
Expansive arch bridge in China’s Guangxi opens to traffic
Tian’e Longtan Bridge, a steel-reinforced concrete arch bridge, opened to traffic on Thursday in south China’s Guangxi Zhuang Autonomous Region.
The bridge over Hongshui River, situated in Tian’e County in Hechi City of Guangxi, is a two-way four-lane bridge with a total length of 2,488.55 meters. It is the world’s longest steel-reinforced concrete arch bridge in terms of span.
The opening of the Tian’e Longtan Bridge marks the completion of the Nantian Expressway which links Nandan County and Tian’e County of Guangxi, reducing the trip time from a 1.5-hour drive to a 40-minute drive. The construction of the bridge’s main structure began in December 2020.
The completion of the Tian’e Longtan Bridge will become a milestone in the evolution of concrete arch bridges. Numerous challenges were overcome and innovations achieved during the bridge’s construction, paving the way for future development of concrete arch bridges, said Zheng Jielian, an academician with the Chinese Academy of Engineering.