ပေကျင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူများအတွက် စံပြလုပ်ဆောင်မှုချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးတစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက်တွင် ပေကျင်းမြို့တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မော်စကို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wei Fenghe က တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုက်ပါဆောင်ရွက်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ အလုပ်လုပ်ကိုင်လျက်ရှိသော လူငယ်များ၏ ၉၄.၅ ရာခိုင်နှုန်းခန့်သည် ဘွဲ့ရရှိပြီးနောက် လေ့လာမှုများ ဆက်လက်ပြုလုပ်သည့်အလေ့အကျင့်ကို ဆက်လက်ထိန်းထားလျက်ရှိကြောင်း China Youth Daily က မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၄ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ အချက်သုံးချက် အဆိုပြုခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံတကာတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ရောက်နေသည့် COVID-19 ကာကွယ်ဆေး လေးမျိုးသည် လက်တွေ့စတင် စမ်းသပ်မှုသတင်းများ ဖော်ပြခဲ့သည့် ပြည်ပမီဒီယာကြီးများကြောင့် အနောက်နိုင်ငံများမှ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) အတွက် မီဒီယာစင်တာကို စက်တင်ဘာ ၃ ရက်က အစမ်းလုပ်ဆောင်ခြင်း စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ COVID-19 စမ်းသပ်စစ်ဆေးမှုအတွက် စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ ဟောင်ကောင်ဒေသခံ ၈၀၀,၀၀၀ နီးပါး ကြိုတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။ဒေသခံ ၂၇၈,၀၀၀ ဦးသည် စက်တင်ဘာ ၁ ရက်က လူထုအားလုံးပါဝင်သည့် ရောဂါစစ်ဆေးမှုအစီအစဉ်...
ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က နိုင်ငံတကာ ညီမျှမှု နှင့် တရားမျှတမှုအပြင် ဒုတိယကမ္ဘာစစ်(WWII) စစ်အောင်နိုင်ခြင်း ရလဒ်အား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်ခြင်းကို ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့်အတူ ပူးပေါင်း လုပ်ဆောင်သွားရန် ၎င်းအနေဖြင့် အသင့်ရှိကြောင်း ယနေ့ စက်တင်ဘာ ၃...