ဝူဟန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီလက်အောက်ရှိ ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံမှ သုတေသီများက ဖော်ထုတ်လိုက်သော ဦးနှောက်ရောင်ကာကွယ်ဆေးအသစ်နှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့် ခြင်ကြောင့်ဖြစ်ပွားသည့် အသက်သေဆုံးနိုင်စေသော ရောဂါနှစ်မျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ဟဲဖေ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများထံ သွားရောက်တွေ့ဆုံ အားပေးစကားဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ထုန်းကျောင်းဟွေးသည် ပေကျင်း Cgaoyang ဆေးရုံ၏ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားကျန်းမာရေးကော်မရှင် ဆေးကုသရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းသည် ဝူဟန့်မြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေသခံဆရာဝန်များကို ကူညီရန် ပထမအသုတ်အဖြစ် ရောက်ရှိလာသည့် အသက်ရှူလမ်းကြောင်းနှင့် အပြင်းအထန်ဖျားနာခြင်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနက် တစ်ဦးဖြစ်သည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်တွင်ပါဝင်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ပြီး အဆိုပြုချက်ကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် အနှောင့်အယှက်အနည်းငယ်ရှိသော်လည်း ရှေ့ဆက်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၆ ရက်က ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို နိုင်ရိုဘီ မြို့ တွင် သြဂုတ် ၁၈ ရက် ၌စတင် ကျင်းပ...
ရှန်ဟိုင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကိုကာကိုလာအဖျော်ယမကာလုပ်ငန်းကြီး (Coca-Cola China) နှင့် ၎င်း၏ ပုလင်းသွတ်ခြင်း မိတ်ဖက်လုပ်ငန်းများသည် တရုတ် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ထိရောက်မှုတိုးတက်စေရန်၊ ထုတ်လုပ်မှုသေချာစေရန်နှင့် ပြည်တွင်းစားသုံးသူများ၏ တောင်းဆိုမှုကို ပြည့်မီစေရန် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
တာ့လျန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ လျောင်နင် ပြည်နယ် တာ့လျန် မြို့ သည် သြဂုတ် ၁၆ ရက်က ကန်းကျင်ကျစ် ဒေသ တာ့လျန်ဝမ်း လမ်းပိုင်း အား အန္တရာယ် နည်းပါးသည့် ဒေသ အဖြစ် ပြောင်းလဲ...
ဝူဟန့်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သြဂုတ် ၁၇ ရက်က ပြီးဆုံးခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ ကားပြပွဲ၌ ယွမ် ၃.၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၇ သန်းခန့်) တန်ဖိုးရှိသော ကားအဝယ် မှာယူမှုများ...
ကုန့်ဟဲ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) မြစ်ဝါမြစ်ကမ်းဘေးတွင် တည်ရှိသော ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် ဌာလားထန်း သည် မူလက ခြောက်သွေ့၍ လူသူကင်းဝေးသည့် လွင်တီးခေါင်ပြင် မြေနေရာ တစ်ခု ဖြစ်ခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) မကြာသေးမီက ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။