နန်နင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖူဆွေနယ်မြေတွင် ဒိုင်နိုဆောအမျိုးအစား လေးခု၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံသုတေသီများ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် COVID-19 ပူးတွဲတိုက်ဖျက်ရန် ၊ နယ်ပယ်စုံတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်-အာရပ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် မျှော်လင့်ချက်အသစ်များကို လက်ခံရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အလီဘာဘာအုပ်စုက ဂျာမန်ကားထုတ်လုပ်သူ BMW နှင့်အတူ တရုတ်နိုင်ငံ အင်တာနက်နှင့် မော်တော်ကားလုပ်ငန်းများအတွက် ရှန်ဟိုင်းမြို့တွင် တီထွင်ဆန်းသစ်မှုအဆောက်အအုံကို ပူးတွဲထူထောင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို ဇူလိုင် ၃ ရက်က တည်ထောင်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစစ်ပွဲတွင် အောင်နိုင်ရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်းရဲနွမ်းပါးသူများအား အသေးစားချေးငွေများ ပိုမိုပေးအပ်သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ဟောင်ကောင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမျိုးသားလုံခြုံရေးဥပဒေ၏ လိုအပ်ချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း HKSAR အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စစ်ပြန်များအား ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဆုတံဆိပ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ၎င်း၏အကြိုက်လိုက်သူများက တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်ပြည်သူများအကြားရှိ သွေးချင်းသားချင်းဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင်...