ကွေ့ကျိူး၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဟဲဆန်းသု ဝူးကျန်း မြစ်ကူးအထူးတံတားကြီးကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင်တည်ဆောက်ထားသည်။ တံတား၏ စုစုပေါင်း အရှည်မှာ မီတာ (၂,၀၀၀)ရှိပြီး မေထန်-စီချန်း အမြန်လမ်းမကြီး၏ အဓိက စီမံကိန်း တစ်ခုဖြစ်သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြီးခဲ့သည့်ရက်များက ပေကျင်းမြို့ ချောင်ယန်ခရိုင်တွင် အဓိကလူအုပ်စုများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းများ စနစ်တကျ စတင်လုပ်ဆောင်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှု ယာယီစင်တာတစ်ခုနှင့် ရပ်ရွာကာကွယ်ဆေးထိုးနှံမှု စင်တာ(၄၂)ခု “1+42” နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဓိက လူအုပ်စု (၉)ခု၏ လူပေါင်း (၂)သိန်း...
ပေကျင်း၊ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း ဆောင်ရွက်မှုများသည် အမျိုးသားအကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းခြင်း ၊ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခြင်း ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့လွယ်ကူအောင်ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုမြှင့်တင်ခြင်း တို့၏ အရေးကြီးသော တာဝန်ဝတ္တရားများကို ထမ်းရွက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၌ နှစ်သစ်ကူးအားလပ်ရက် သုံးရက်တာ၏ ပထမဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၁ ရက်တွင် ရထားစီးခရီးသည်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံရထားပို့ဆောင်ရေးက ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆင်ဟွာသတင်းဌာနနှင့် China Media Group တို့၏ ပူးတွဲတွေ့ဆုံမေးမြန်းမှု ကိုဖြေကြားရာတွင် တရုတ်-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြည်သူ့အတွက်နှင့် ပြည်သူအားဖြင့်သာ ဟူသော စည်းမျဉ်းသည် တရုတ်ကွန်မြူနစ်ပါတီအတွက် အားအင်အရင်းအမြစ်တစ်ခု ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ သွင်ပြင်လက္ခဏာအဓိပ္ပာယ်လည်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇန်နဝါရီ ၁ ရက်က COVID-19 အန္တရာယ် အလယ်အလတ်အဆင့်ဧရိယာ နောက်ထပ် ထပ်တိုးလိုက်သဖြင့် ယင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အလယ်အလတ်အဆင့်ဧရိယာ စုစုပေါင်း ၆ ခုအထိ ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ...
ပေကျင်း ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆင်ဟွာသတင်းဌာနနှင့် China Media Group တို့၏ ပူးတွဲ တွေ့ဆုံမေးမြန်းမှု ကိုဖြေကြားရာတွင် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။
ဝူဟန့်၊ နန်ချန်း၊ ချန်ရှား၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ငါးဖမ်းခွင့်ပိတ်ပင်မှု စတင်သည့် အခမ်းအနားတစ်ရပ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး အလုံးရေ ၁.၈ သန်းသည် အင်ဒိုနီးရှားနိုင်ငံသို့ ဒီဇင်ဘာ ၃၁ ရက်က ရောက်ရှိလာကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူများ ပြောကြားချက်အရ...