ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် စက်တင်ဘာလ ၂၇ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
နန်နင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၁ ရက်က စတင်ကျင်းပခဲ့ပြီး ထိုကုန်စည်ပြပွဲက တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ဖိတ်ကြားချက်အရ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျောင်းမင်သည် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများအတွက် စက်တင်ဘာလ ၁၈ ရက်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် သြဂုတ်လအထိ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် တရားဝင်စာရင်းများအရ သိရသည်။
ကျန့်ကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စက်တင်ဘာလ ၆ ရက်ကညက ဆပ်ကပ်ပြပွဲတစ်ခုအတွင်း ကျားပေါက်စတစ်ကောင် လှောင်အိမ်မှ လွတ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် (Angela Merkel) နှင့် စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသား ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ် ၅၈ ဦးအား စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ်သည့် အခမ်းအနား၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ၎င်းတို့သည် အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ခံရသည့် သတ္တမမြောက်အဖွဲ့ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ ၅ ရက်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။