ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ကတိကဝတ်အပေါ် ဂုဏ်ယူကြောင်း ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ လျင်းအန်းဒေသရှိ ဟဲချောင်ရှေးဟောင်းမြို့လေးကို သာယာလှပသည့် မြို့နယ်လေးဖြစ်အောင် စနစ်တကျ တွန်းအားပေး တည်ဆောက်လျက်ရှိရာ အစိမ်းရောင်ဖန်တီးမှု၊ မီးအလင်းရောင်အလှဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ အီရတ်နိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်သည် ဧပြီ ၁၁ ရက်က အီရတ်မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (DRAP) က တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုလိုက်ကြောင်း အစ္စလာမ်မာဘတ်ရှိ အမျိုးသား ကျန်းမာရေးအင်စတီကျုက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။
နန်ကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ Gulou ခရိုင်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် ကာကွယ်ဆေးထိုးနှံနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ Gulou ခရိုင်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် ကာကွယ်ဆေးထိုးနှံရန်...
ထိုက်ယွမ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လေ့လာရေးဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဧပြီ ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က သက်ကြီးရွယ်အိုများအား တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ထိုးနှံရန် ဧပြီ ၇ ရက်က ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအနေဖြင့် ယင်းကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ခရိုင်လေးခုတွင် ကာကွယ်ဆေးထိုးနှံမှု သွက်လက်မြန်ဆန်စေရန် COVID-19 ကာကွယ်ဆေးထိုးခြင်းရွေ့လျားယာဉ်များကို ဧပြီ ၁ ရက်မှစတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
ဂျကာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ မီတာ ၅၀ ရှိသော ရထားသံလမ်းများ ပထမအသုတ်သည် ရထားလမ်းအခြေစိုက်စခန်းသို့ ဧပြီ ၇ ရက်က ရောက်ရှိခဲ့ကြောင်း မီးရထားလမ်း ဆောင်ရွက်သူက ပြောကြားခဲ့သည်။
ပေကျင်း၊ဧပြီ ၈ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ပုံမှာ ချီးကျူးစရာကောင်းကြောင်း နှင့် ကြီးမားသောအကျပ်အတည်းတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။