ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်ကြမည့်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်တွင် သိပ္ပံဓာတ်ခွဲခန်းပေါင်း ၅ဝ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုတွင် ပါဝင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် နိုင်ငံများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် လာမည့် ၃ နှစ်တာကာလအတွင်း တရုတ်ယွမ်ငွေ ၆ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) ကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း...
ABOARD SHIP XIANGYANGHONG 09 ၊ မေ ၈ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်တွင် နောက်ကျိနေသော ပင်လယ်ရေစီးကြောင်းအောက် စူးစမ်းလေ့လာမှုများပြုလုပ်ပေးမည့် တရုတ်နိုင်ငံ၏ လူလိုက်ပါစီးနင်းနိုင်သည့် ရေငုပ်သင်္ဘောငယ် Jiaolong ကို မေလ ၆ ရက်က ရေချခဲ့ကြောင်း သိရသည်။
အေသင်၊ ဧပြီ ၂၄ (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သည် ဂရိနိုင်ငံ အေသင်မြို့တွင် ဧပြီ၂၃ ရက်က တွေ့ဆုံခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁၃ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအား ငွေကြေးလိုသလို ဆော့ကစားနေသည့် တိုင်းပြည်အဖြစ် တံဆိပ်မကပ်ကြောင်း နှင့် အမေရိကန်ဒေါ်လာသည် အလွန်တောင့်တင်းခိုင်မာမှုရှိကြောင်း ဧပြီလ ၁၂ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ဧပြီ၁၁ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရတို့သည် အချက် (၁၀) ချက်ပါဝင်သော ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်သည် အိမ်နီးချင်းတရုတ်နိုင်ငံသို့သွားရောက်လည်ပတ်စဉ် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုကောင်းမွန် အောင်တည်ဆောက်သွားရန် ကတိပြုခဲ့ပြီး၊ ၎င်းခရီးစဉ်အတွင်း ပြည်သူအချင်းချင်းကြားချိတ်ဆက်ဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်ရန် အမြင့်ဆုံး မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ပေကျင်း, ဧပြီ ၁၀ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် နှင့် စဉ်ဆက်မပြတ် ကောင်းမွန်စေရေးကို တွန်းအားပေးရန် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမည့် win-win ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်လေးစားမှု စည်းမျဉ်းများကို ကိုင်ဆွဲသွားကြရန် ဧပြီလ ၁၀ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။
အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလီယွမ်သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းမြို့ရှိ အနုပညာကျောင်း တစ်ခုသို့ အမေရိကန်နိုင်ငံ သမ္မတ ကတော် မယ်လာနီယာ ထရမ့်နှင့်အတူ ဧပြီလ ၇ ရက်က သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ဧပြီလ ၇ ရက်က သဘောတူခဲ့ကြောင်း သိရသည်။