ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ထျန်းဝန်-၁ အာကာသယာဉ်သည် ဂြိုဟ်နီကြီးတွင် ဆင်းသက်ကာ စူးစမ်းရှာဖွေမှုပြုလုပ်နေသည့် ဓာတ်ပုံ ၊ ရုပ်သံဖိုင်အသစ်များကို ယနေ့ ဇွန် ၂၇ ရက်တွင် တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဒီဇင်ဘာ ၁၄ ရက် ၂၁ နာရီအထိ “ထျန်းဝန်-၁ (Tianwen-1)”၏အာကာသအတွင်းပျံသန်းမှုသည်၁၄၄ ရက်ကြာမြင့်ခဲ့ပြီး ခရီးအရှည်အားဖြင့် ကီလိုမီတာ သန်းပေါင်း ၃၆၀ ခန့် ထိ ပျံသန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းအာကာသယာဉ်သည် ကမ္ဘာဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ သန်း...
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၂၈ ရက်တွင် တတိယမြောက် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း လုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၉ ရက် ညပိုင်း (ပေကျင်းစံတော်ချိန်) က လမ်းကြောင်းပြောင်းတည့်မတ်ခြင်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ထံမှ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) ၏ ပျံသန်းနေစဉ်အတွင်း ဓာတ်ပုံများကို တရုတ်နိုင်ငံ အမျိုးသားနေ့နှင့် ဆောင်းဦးရာသီပွဲတော်တို့ တစ်ပြိုင်နက်ကျရောက်သော အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဖူကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် အကွာအဝေး ကီလိုမီတာ ၁၅၅ သန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီး ဒီဇိုင်နာချုပ် Zhang Rongqiao က ပြောခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ဩဂုတ် ၂၈ ရက် နံနက် ၁၀:၀၈ နာရီအထိ ခရီး ကီလိုမီတာ သန်း ၁၀၀ ခန့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၈ သန်းကျော် အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ပုံမှန် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာက ဩဂုတ် ၂၀...
ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်ကို ထျန်းဝန်-၁ (Tianwen-1) ဟူ၍ အမည်ပေးထားကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်မှုဌာန (CNSA) က တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်သည်။