ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် စစ်ဦးစီးချုပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့် ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့ညှိနှိုင်းကွပ်ကဲရေးမှူး ၊ စစ်ဦးစီးချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ကိုရိုနာဗိုင်းရပ်စ် အစပြုသည့်နေရာကို “ ကျွန်တော်တို့မသိပါဘူး” ဟု မေ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြုံယမ်း ၊ ဒီဇင်ဘာ ၁၅ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လိုက်နာဆောင်ရွက်ရန် စစ်တပ်အနေဖြင့် အပြည့်အဝ အသင့် အနေအထားတွင်ရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pak Jong Chon က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကြီးတွင် အမျိုးသမီး ဗိုလ်ချုပ်နှစ်ဦး ဦးဆောင်သည့် အမျိုးသမီးတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက် နံနက်ပိုင်း၌ ထျန်းအန်းမင်ရင်ပြင်တစ်လျှောက် ချီတက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ခါတွမ် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးစစ်ကောင်စီဥက္ကဋ္ဌ Awad Mohamed Ahmed Ibn Auf သည် ရာထူးမှ နုတ်ထွက်ကြောင်း ဧပြီ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။