Connect with us

Politics, Law & Military

အမျိုးသမီး ဗိုလ်ချုပ်များ ပါဝင်သည့် ပထမဆုံးအကြိမ် စစ်ရေးပြအခမ်းအနား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် အမျိုးသမီးတပ်ဖွဲ့ ချီတက်ကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကြီးတွင် အမျိုးသမီး ဗိုလ်ချုပ်နှစ်ဦး ဦးဆောင်သည့် အမျိုးသမီးတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက် နံနက်ပိုင်း၌ ထျန်းအန်းမင်ရင်ပြင်တစ်လျှောက် ချီတက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

ဗိုလ်ချုပ်ချိန်ရှောင်ကျန့်နှင့် ဗိုလ်ချုပ် ထန်ပင်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ချိန်ကစ၍ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်များဖြစ်ကြသည်။ (Xinhua)