ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက် တိုက်ခိုက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် ၈ခုတွင် အပျက်အစီးများစွာဖြစ်ပြီး လူ ၅ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဒါကာ ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အကြီးမားဆုံးမုန်တိုင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နှင့် မြန်မာနိုင်ငံတို့အား ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မှ အားအလွန့် အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ဗဟိုချက်သည် ရခိုင်ပြည်နယ်သို့ မေ ၁၄ ရက်မွန်းလွဲပိုင်းတွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ မေ ၁၄ ရက်တွင်...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ် သောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဆိုင်ကလုန်း မိုခါ (Mocha) သည် ပိုမိုနီးကပ်လာသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းရှိ မြို့နယ်ခုနစ်မြို့နယ်အတွက် မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ဆင်ဟွာသို့ ပြောသည်။ ဆိုင်ကလုန်း မိုခါ (Mocha) သည်...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း...
ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် မေ ၁၁ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့နေပြည်သူများထံမှ သိရသည်။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ချို့တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဒဂုံမြို့သစ်...