Connect with us

Media

မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ဟုဆို

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ် သောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးလှထွန်းက ဆင်ဟွာသို့ မေ ၁၃ ရက်တွင် ပြောသည်။

အနီရောင်သတိပေးချက်ထုတ်ပြန်ထားသည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ် ၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြစ်ကြသည်။ (Xinhua)