ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ် အတွင်း ကျပ်သိန်းပေါင်း ၆ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
မနီလာ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနိုပြည်နယ်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်မှု စစ်ဆင်ရေးများအတွင်း မြို့တော်ဝန်ဟောင်းတစ်ဦးနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့ ဇန်နဝါရီလ ၄ ရက်အစောပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကျင်းပသော ဂီတ နှင့် အက ပွဲတော်ကြီးတစ်ခုသို့ တက်ရောက်ခဲ့သော ဆယ်ကျော်သက် တစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၆ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နှင့် ယင်းသို့ဖြစ်ရခြင်းမှာ ပွဲတော်အတွင်း...
မနီလာ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Lanao del Sur ပြည်နယ် ရှိ Kapai မြို့တွင် အောက်တိုဘာ ၅ ရက် က ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့အတွင်းမှ ကျပ် ၁၆၅၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ဟန်-နမ္မချီး ခရီးသွားလမ်း၌ မူးယစ်ဆေးဝါး ၂၂ဝ ဂရမ်နှင့် ဆေးပြား ၉ဝဝ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုက စက်တင်ဘာ ၁၇ ရက် နှောင်းပိုင်းတွင် ထိုင်းဘတ် ၂.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆.၇ သန်း) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ (မတ်အက်ဖာတမင်း) နှင့် ဘိန်ဖြူများကို ထိုင်းနိုင်ငံ၏ အလယ်အထက်ပိုင်း ဆူခိုထိုင်းပြည်နယ်(Sukhothai)တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း ငါးရက်အတွင်း ကျပ်သိန်းပေါင်း ၄၀,၀၀၀ကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင် မြို့နယ် နှင့် မဘိမ်းမြို့နယ် တို့တွင် ငွေကျပ် ၁၆,၇၁၉.၉၇၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ဧပြီ ၂၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။