Connect with us

Politics, Law & Military

မော်လမြိုင်မြို့သို့ သယ်ဆောင်မည့် ကျပ် ၁.၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ လွိုင်ကော်မြို့နယ်၌ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၁.၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးနဲဘက်မှ လွိုင်ကော် ဘက်သို့ မူးယစ်ဆေးဝါးပမာဏ အများအပြားသယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီအချိန်တွင် SKAT အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာသဖြင့် အဆိုပါယာဉ်ကို လျို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နံနက် ၄ နာရီခွဲအချိန် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-ဆီဆိုင် သွားကားလမ်း၊ လွယ်တမူကျေးရွာအနီးတွင် ကြိုတင် စောင့်ဆိုင်းနေသည့် ပိတ်ဆို့ရေးအဖွဲ့နှင့်ပူးပေါင်း၍ တားဆီးစစ်ဆေး အသေးစိတ်ရှာဖွေရာ ယာဉ်၏ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၅၀,ဝ၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်းနှင်သူ နှင့် ယာဉ်ပေါ်လိုက်ပါလာသူတို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း နှင့် ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117