Connect with us

Politics, Law & Military

မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ

မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား Video Conference စနစ်ဖြင့် ကျင်းပစဉ်(ဓာတ်ပုံ - CCDAC Myanmar)

န်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၁၇ ကြိမ်မြောက် မြန်မာ−တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အိမ်ရှင်အဖြစ် Video Conferenceစနစ်ဖြင့် ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာ−တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ တရားခံပြေးများဖမ်းဆီးရမိရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အစီအမံများ၊ ပရီကာဆာဓာတုပစ္စည်းများတရားမဝင် ဝင်ရောက်မှုမရှိစေရေးထိန်းချုပ် ဆောင်ရွက်ရမည့် အခြေအနေများ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး (၁၈) ကြိမ်မြောက် အစည်းအဝေးအတွက် ကျင်းပမည့်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၁၇ ကြိမ်မြောက် မြန်မာ−တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB) ညွှန်ကြားရေးမှူးချုပ် Mr.Liang Yun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က Video Conferenceစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.