လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
လန်ဒန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အရှေ့ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက အက်စစ်ဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံးလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း လန်ဒန်မြို့ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
လန်ဒန် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မြောက်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည် အသွားအလာများသည့် Camden ဈေးကြီး အဆောက်အဦ မီးလောင်ကျွမ်းနေမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်လျှက် ရှိကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ဇူလိုင်လ ၁ဝ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရှိ မီးပွိုင့်တစ်ခု၌ အမျိုးသားတစ်ဦးသေဆုံးခဲ့ရခြင်း အပေါ် ကန့်ကွက်ဆန္ဒပြကြသူများ နှင့်ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းမှု ဖြစ်ပွားခဲ့ကြောင်း Sky ရုပ်သံလိုင်းက ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို ့မြောက်ပိုင်းရှိ လမ်းမတစ်ခုပေါ်တွင် လမ်းလျှောက်သွားလာနေကြသူများအား ကားတစ်စီးဖြင့် ဝင်ရောက်တိုက်ခဲ့ရာ လူတစ်ယောက် သေဆုံးပြီး ၎င်းလုပ်ရပ်အတွက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Grenfell တာဝါမီးလောင်မှုတွင် ပျောက်ဆုံးနေသူ စုစုပေါင်း ၅၈ ဦးရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့မှူးက ဇွန်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
လန်ဒန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) လန်ဒန်မြို့အရှေ့ပိုင်း ဘာ့ကင်းမြို့တွင် ဇွန်လ ၃ ရက် တိုက်ခိုက်မှု နှင့် ဆက်နွယ်နေသည့် လူ ၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Scotland Yard ရဲတပ်ဖွဲ့ကဖော်ပြခဲ့သည်။
လန်ဒန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Borough ဈေး နှင့် လန်ဒန်တံတားများပေါ်၌ ဇွန်လ ၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး သံသယတရားခံ သုံးဦးကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးခဲ့ရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က...
လန်ဒန် ၊ ဇွန် ၄ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Borough ဈေး နေရာအနီး နှင့် လူသွားလူလာများသည့် လန်ဒန်တံတားပေါ်၌ ဇွန်လ ၃ ရက် ညပိုင်းတွင် အမည်မသိလူတစ်ဦးက လူအုပ်ထဲသို့ဘန်ကားတစ်စီးဖြစ် ဝင်တိုက်ခဲ့ကြောင်း နှင့် ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။
လန်ဒန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) လန်ဒန်မြို့လယ် ဝက်မင်စတာ တံတားအနီးတွင် မတ်လ ၂၂ရက် ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင် အဓိက တရားခံအဖြစ် ရဲတပ်ဖွဲ့ကယူဆထားသူမှာ ခါလစ် မာစွတ် ဆိုသူဖြစ်ကြောင်း Scotland Yard မြို့ပြရဲဋ္ဌာနချုပ် က မတ်လ ၂၃ ရက်တွင်...