Connect with us

Europe

လန်ဒန် ရထားပေါ်တွင် ဓားထိုးသတ်ခံရမှုအား ဗြိတိန် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး

လန်ဒန် မြေအောက် ရထား တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

လန်ဒန် ရထား တစ်စီးပေါ်တွင် အသက် ၅၁ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးသည် ၁၄ နှစ် အရွယ် ရှိသော ၎င်း၏ သားဖြစ်သူ နှင့် အတူ ခရီးသွားနေစဉ် ရက်စက်စွာ ဓားဖြင့် အထိုးခံရခဲ့ပြီး သေဆုံး ခဲ့ရမှုအား ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဗြိတိန် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ရထားသည် Guildford နှင့် Waterloo ကြား သွားလာနေစဉ် အတွင်း ထိုအမျိုးသားမှာ ဓားဖြင့် ထိုးခံရပြီးနောက် Surrey ရှိ Horsley ဘူတာသို့ရောက်ရှိလာခဲ့ချိန် ဒေသ စံတော်ချိန် ၁၃ နာရီ ၁၅ မိနစ် အချိန်တွင် ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ကြောင်း သိရသည်။မျက်မြင် သက်သေ တစ်ဦးက “နေရာတိုင်းမှာ သွေးတွေချည်းပဲ”ဟုဆိုကာ တိုက်ခိုက်မှုအား မြင်တွေ့ခဲ့သည့် ခရီးသည်များက အံ့အားသင့် တုန်လှုပ် စိတ်လှုပ်ရှားခဲ့သည်ဟု ဆိုသည်။ရထားပေါ်တွင် ဓားဖြင့် ထိုးသည်ဟု သံသယ ရှိသူ အမျိုးသားသည် Horsley ဘူတာ မရောက်မီ Clandon သို့ရောက်ရှိစဉ် ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။

ထိုဖြစ်စဉ် ဖြစ်ပွားမှု မတိုင်မီ လန်ဒန်၌ နှစ်သစ်ကူးနေ့တွင် လုံခြုံရေး ဝန်ထမ်း တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့သည်လည်း ဓားထိုးခံရမှုများ သီးခြားစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၁၈ ခုနှစ် အတွင်း လန်ဒန်မြို့၌ သေမှုသေခင်း အရေအတွက်များမှာ ဆယ်စုနှစ် တစ်ခု အတွင်း အမြင့်ဆုံး အဆင့်ထိ ဖြစ်ပွားခဲ့ပြီး ထိုသေမှုသေခင်း အရေအတွက်များတွင် လူသတ်မှု ၊ ကြိုတင် ကြံရွယ်ခြင်း မရှိဘဲ သတ်ဖြတ်မှု ၊ မိမိကိုယ် မိမိ ကာကွယ်ရင်း သတ်ဖြတ်မှု တို့ပါဝင်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117