ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများ၌ သောင်တင်နေသော တရုတ်နိုင်ငံသား ၂,၇၄၄ ဦးကို ပြန်လည်ခေါ်ဆောင်ရန် စင်းလုံးဌား လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း နိုင်ငံ၏ မြို့ပြလေကြောင်း ထိပ်တန်းအရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ နိုင်ငံတကာမှ သံရုံးဝန်ထမ်းများ၊ ပြည်သူများ ၎င်းတို့၏နေရပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ နိုင်ရေးနှင့်နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ခြင်းကြောင်း လူသုံးဦးသေဆုံးကာ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရက ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အစိုးရအား ဖိအားပေးရန် လုပ်ဆောင်မှုအဖြစ် ဗင်နီဇွဲလားအစိုးရပိုင် Petroleos de Venezuela ရေနံကုမ္ပဏီ၏ လေယာဉ် ၁၅ စင်းကို ဇန်နဝါရီ ၂၁...
ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတဟန်ဆန်ရိုဟန်နီက ယူကရိန်းလေယာဉ်ပစ်ချခံရမှုအပေါ် တောင်းပန်ကြောင်း နှင့် ယင်းကြေကွဲဖွယ် ဖြစ်ရပ်အတွက် တာဝန်ရှိသူ တစ်ဦးချင်းအား အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်ဟု ယူကရိန်းနိုင်ငံ သမ္မတ၏ သတင်းပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြောညာခဲ့သည်။
အော့တဝါ ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ခရီးသည် ၁၇၆ ဦးသေဆုံးခဲ့ရသည့် တီဟီရန်မြို့အနီး၌ ပျက်ကျသွားခဲ့သော ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုသည် အီရန်နိုင်ငံ၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်သည်ကို ၎င်း၏အစိုးရအဖွဲ့က ရှာဖွေဖော်ထုတ်ခဲ့ကြောင်း ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒို က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သူများ အတွက် လွန်စွာ ကြွေကွဲ ဝမ်းနည်းရပါကြောင်း နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် စာနာ ထောက်ထားမိပါကြောင်း ဇန်နဝါရီ ၈ ရက်က တရုတ်...
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ် လိုက်ပါသူ ၁၈၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘိုအင်း ကုမ္ပဏီ က ဒီဇင်ဘာ ၁၆ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အမေရိကန် လေကြောင်းဌာန က 737MAX အမျိုးအစား လေယာဉ် ၏...
ဝုဒ်ဘရစ်ချ်မြို့နယ်၊ အမေရိကန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ် လူနေရပ်ကွက်အတွင်း အောက်တိုဘာ ၂၉ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့ရာ နေအိမ်သုံးလုံးမီးလောင်ခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။