Connect with us

MYANMAR

မြန်မာနိုင်ငံရှိ နိုင်ငံခြားသားများ နေရပ်ပြန်နိုင်ရေးနှင့် ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိ 

လေယာဉ်ပေါ်မှ ကုန်စည်များချနေစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံရှိ နိုင်ငံတကာမှ သံရုံးဝန်ထမ်းများ၊ ပြည်သူများ ၎င်းတို့၏နေရပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ နိုင်ရေးနှင့်နိုင်ငံတကာမှ ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ နှင့် ကုန်စည်သီးသန့်လေယာဉ်များ ဆိုက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်  ကယ်ဆယ်ရေး၊   ဆေးဘက်ဆိုင်ရာ၊ ကုန်စည်လေယာဉ်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင် ရောက်ထွက်ခွာလျက်ရှိပြီး Commercial Flight များအား မတ် ၃၁ ရက်မှ ဧပြီ ၁၃ ရက်အထိ ဝင်ရောက်ခွင့် ခေတ္တ ဆိုင်းငံ့ထားရန် နိုင်ငံတကာလေကြောင်း လိုင်းများ သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးပို့အကြောင်းကြား ပြီးဖြစ်ကြောင်းနှင့် All Cargo Flights Relief Flight ၊ Medical 111111 Evacuation Flights နှင့် Special Flights များအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၏ ခွင့်ပြုချက်ဖြင့်  ပျံသန်းပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရောက်ရှိနေသော နိုင်ငံခြားသားများ မိမိနေရပ်သို့ ပို့ဆောင်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာနိုင်ငံ၏သံရုံးနှင့် လေကြောင်းလိုင်း များမှ ပျံသန်းပို့ဆောင်ခွင့်၊ ခွင့်ပြုချက်ကိုတောင်းခံလျက်ရှိ ကြောင်း၊ အဆိုပါတောင်းဆိုမှုများကို စိစစ်၍ ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကုန်စည် သီးသန့်လေယာဉ်များအနေဖြင့် မတ် ၃၁ ရက်မှ ဧပြီ ၈ ရက်ထိ ခရီးသည်ဦးရေ စုစုပေါင်း ၃,၃၅၅ ဦးနှင့် ကုန်စည် တန် စုစုပေါင်း ၁၉၄ တန်တို့အား သယ်ယူပို့ဆောင်ပေးနိုင် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117