Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ခရီးသည် ၁၀၀ကျော် လိုက်ပါလာသော လေယာဉ်တစ်စီး ပျက်ကျ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် လေယာဉ်ပျက်ကျရာနေရာမှ ထွက်ပေါ်လာသည့်မီးခိုးများကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ခရီးသည် ၁၀၀ကျော် တင်ဆောင်လာသည့် ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စီးသည် မေ ၂၂ ရက် မွန်းလွဲပိုင်းက ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့တွင် ပျက်ကျခဲ့သည်ဟု ဒေသတွင်းမီဒီယာက သတင်းဖော်ပြချက်အရ သိရသည်။

သတင်းများအရ အဆိုပါ Airbus A320 လေယာဉ်သည် နိုင်ငံ၏အရှေ့ပိုင်း လာဟိုးမြို့မှ ထွက်ခွာလာပြီး ကရာချိ Jinnah Garden ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် လေယာဉ်ပျက်ကျရာနေရာမှ ထွက်ပေါ်လာသည့်မီးခိုးများကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စင်းအား ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းလေယာဉ်သည် ခရီးသည် ၉၉ ဦးနှင့် လေယာဉ်ဝန်ထမ်း ၈ ဦးအပါအဝင် စုစုပေါင်း လူ ၁၀၇ ဦးကို တင်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင် (PCAA) က ပြောခဲ့သည်။

သို့သော် PIA လေကြောင်းလိုင်းကမူ လေယာဉ်ပေါ်တွင် လူ ၉၈ ဦးလိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါလေယာဉ်သည် လူနေရပ်ကွက်တစ်ခုပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက မီဒီယာကို ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရာသို့ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး မီးငြှိမ်းသတ်လျက်ရှိသည်ကို ဒေသတွင်းရုပ်သံရိုက်ကူးမှုများအရ တွေ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117