ပေကျင်း ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ် နှင့် ရုရှား အင်တာနက်မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး နှင့် ဖလှယ်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ဖိုရမ်တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး fiber optic network၊ 4G နှင့် 5G independent networkများ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် (၁၂)ကြိမ်မြောက် တရုတ်နိုင်ငံအင်တာနက်ကွန်ဖရင့် ဇူလိုင် ၁၃ ရက်သတင်းများအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အင်တာနက်နှင့် ဆက်စပ်ကဏ္ဍများ၏ လုပ်ငန်းဝင်ငွေသည် ယခုနှစ် ပထမ (၅)လအတွင်း ရာခိုင်နှုန်းဆယ်ဂဏန်း မြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ အဓိကအင်တာနက်ကုမ္ပဏီများ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကာလတူထက် (၂၄.၄) ရာခိုင်နှုန်းမြင့်တက်လာကာ ယွမ် (၅၉၈.၁)ဘီလီယံ [အမေရိကန်ဒေါ်လာ ၉၂.၄၃ ဘီလီယံခန့်]...
ပေကျင်း၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ အင်တာနက်အသုံးပြုသူအရေအတွက်သည် ပြီးခဲ့သောနှစ် နှစ်ကုန်ပိုင်းက ၉၈၉ သန်းအထိ ရောက်ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ ၈၅.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည့် တရုတ်နိုင်ငံ၏အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ တစ်စောင်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါမဖြစ်ပွားခင်နှင့် COVID-19 ရောဂါဖြစ်ပွားပြီးအချိန်နောက်ပိုင်းတွင် အင်တာနက်အသုံးပြုမှု ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။
ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဇွန်လအထိ ကျေးလက်နေပြည်သူများ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၂၈၅ သန်းအထိ ရောက်ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုသူစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးရေးအစီအစဉ်မှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ယခုနှစ် မတ်လအထိ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၉၀၄ သန်းအထိ ရှိလာပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ကထက် ၇၅.၀၈ သန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်၌ ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ...
ဟန်ကျိုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးများဖြစ်သော အလီဘာဘာအုပ်စု၊ JD.com နှင့် Tencent တို့က COVID-19 စမ်းသပ်မှုများအတွက် ကြိုတင်စာရင်းပေးခြင်း (Booking) ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း ကုမ္ပဏီများ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်နှင့် အခြားဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများသည် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေတိုးတက်မှု ခိုင်မာလာခဲ့ပြီး နည်းပညာသစ်များနှင့် လုပ်ဆောင်မှုအသစ်များက နိုင်ငံ၏စီးပွားရေးကို ပြန်လည်ပုံဖော်ရာတွင် ကြီးမားသောအခန်းကဏ္ဍများမှ ပါဝင်မှုမြင့်မားလာခဲ့ကြောင်း သိရသည်။