Connect with us

Science & Technology

တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၁ ဘီလီယံနီးပါးရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Zhongwei မြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် ကလေးငယ်များ အွန်လိုင်းမှ သင်ကြားမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ အင်တာနက်အသုံးပြုသူအရေအတွက်သည် ပြီးခဲ့သောနှစ် နှစ်ကုန်ပိုင်းက ၉၈၉ သန်းအထိ ရောက်ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ ၈၅.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည့် တရုတ်နိုင်ငံ၏အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ တစ်စောင်အရ သိရသည်။

နိုင်ငံ၏ အင်တာနက် လွှမ်းခြုံအသုံးပြုနိုင်စွမ်းသည် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ မတ်လမှ ၇၀.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံအင်တာနက်ကွန်ရက်သတင်းအချက်အလက်စင်တာမှ ကောက်ယူသော စစ်တမ်းက ဆိုသည်။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုသော တရုတ်နိုင်ငံသား စုစုပေါင်း အရေအတွက်သည် ၉၈၆ သန်းရှိကြောင်း ၊ ယင်းမှာ အွန်လိုင်းအသုံးပြုသူအားလုံး၏ ၉၉.၇ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံက ဖော်ပြထားသည်။

အွန်လိုင်းအသုံးပြုသူများအနက် ၃၀၉ သန်း သို့မဟုတ် ၃၁.၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်ကြသူများဖြစ်ပြီး ယင်းဒေသများ၏ အွန်လိုင်းအသုံးပြုမှုသည် မတ်လမှစတင်ကာ ၅၄.၇၁ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် ကျေးလက်ဒေသများတွင် အင်တာနက်လွှမ်းခြုံအသုံးပြုနိုင်မှုသည် ၅၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး မတ်လမှစတင်ကာ ၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာ အရ သိရသည်။(Xinhua)

———————————————-
(English Version)

China has nearly 1 bln internet users

BEIJING, Feb. 3 (Xinhua) — The number of China’s internet users hit 989 million by the end of last year, an increase of 85.4 million from March 2020, according to a report on China’s internet development released Wednesday.
The country’s internet availability rate was raised by 5.9 percentage points from March to 70.4 percent, said the statistical report from the China Internet Network Information Center.
A total of 986 million Chinese used mobile phones to surf the internet, accounting for 99.7 percent of the online population, said the report.
Around 309 million, or 31.3 percent of the online population, live in rural areas, an increase of 54.71 million from March.
Meanwhile, the internet availability rate in rural areas neared 56 percent, up 9.7 percentage points from March, according to the report. Enditem

Students are attending an online course at an elementary school in Zhongning county, Zhongwei city, northwest China’s Ningxia Hui Autonomous Region. (Xinhua/Wang Peng)