Connect with us

Science & Technology

တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ အရေအတွက် ၉၀၄ သန်းရှိ

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုကာ ကျန်းမာရေး QR Code စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ယခုနှစ် မတ်လအထိ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၉၀၄ သန်းအထိ ရှိလာပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ကထက် ၇၅.၀၈ သန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၂၈ ရက်၌ ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုမှုသည် လူဦးရေ၏ ၆၄.၅ ရာခိုင်နှုန်းရှိပြီ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းစကထက် ၄.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အင်တာနက်သုံးစွဲသူများသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက်သို့ ဝင်ရောက်ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၇၉.၉၂ သန်းရှိခဲ့ရာမှ ၂၀၂၀ ခုနှစ် မတ်လတွင် ၈၉၇ သန်းသို့ ရောက်ရှိသွားကြောင်း အစီရင်ခံစာအရ သိရသည်။

မတ်လအထိ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသရှိ အင်တာနက်အသုံးပြုသူပမာဏသည် ၂၅၅ သန်းရှိခဲ့ပြီး စုစုပေါင်း အင်တာနက်သုံးစွဲသူ၏ ၂၈.၂ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ကထက် ၃၃.၀၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ မြို့ပြရှိ အင်တာနက်သုံးစွဲသူအရေအတွက်အနေဖြင့် ၆၄၉ သန်းရှိပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၄၂ သန်း မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

မတ်လတွင် Desktop ကွန်ပျူတာများ၊ လက်ပ်တော့ ကွန်ပျူတာများ၊ တီဗွီများနှင့် တက်ဘလက်များမှတစ်ဆင့် အင်တာနက်သို့ ဝင်ရောက်ကြည့်ရှုမှုများအနေဖြင့် ၄၂.၇ ရာခိုင်နှုန်း၊ ၃၄.၁ ရာခိုင်နှုန်း၊ ၃၂ ရာခိုင်နှုန်းနှင့် ၂၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း အစီရင်ခံက ဆိုသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117