နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အငြင်းပွားဖွယ်နိုင်ငံသားဥပဒေတစ်ခုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ပဋိပက္ခများအား ထိန်းသိမ်းရန် ညမထွက်ရအမိန့်ထုတ်ပြန်ပေးရေး နှင့် စစ်တပ်ချထားပေးရေး အတွက် နယူးဒေလီမြို့တော်ဝန်ကြီးချုပ် Arvind Kejriwal က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ခြောက်ခုတို့ကို လက်မှတ်ရေးထိုးရန်လျာထားကြောင်း...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ကိုးလ်ကတ္တား ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ယခုကာလသည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားဒေသ လယ်သမားများအတွက် စပါးရိတ်သိမ်းသော ရာသီဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေလီမြို့မီးသတ်တပ်ဖွဲ့(DFS) ၏ သတင်းအရင်းအမြစ်များ အရ သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်၏ နေရာအတော်တော်များများ၌ မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အချို့ပြိုကျမှု နှင့် ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
နယူးဒေလီ၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဆိုးဆိုးဝါးဝါးလေထုညစ်ညမ်းမှုများကြောင့် တစ်မြို့လုံးရှိစာသင်ကျောင်းများ ၅ ရက် ပိတ်ထားရန် အစိုးရက နိုဝင်ဘာ ၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ချင်းနိုင်၊အိန္ဒိယ၊အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရနြ္ဒာမိုဒီ တို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်မြို့၌ အောက်တိုဘာ ၁၁ ရက် နှင့် ၁၂ ရက် တို့တွင် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပြီး အနာဂတ်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ထွန်းစေရန် ဆေွးနွေးခဲ့ကြကြောင်းသိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်တွင် ပြစ်ဒဏ်ကာလ ပြီးဆုံး၍ Open Distress Camp တွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၂ ဦးသည် မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လိုအပ်သည်များအား...