Connect with us

WORLD

မော်ရိုကိုနိုင်ငံက COVID-19 ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အိန္ဒိယနိုင်ငံနှင့် လေယာဉ်ခရီးစဉ်များအားလုံး ရပ်ဆိုင်း

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် စမ်းသပ်ကိရိယာများ အသုံးပြုကာ COVID-19 ဗိုင်းရပ်စ်ရှာဖွေနေသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရာဘတ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံက COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အိန္ဒိယနိုင်ငံနှင့် အသွားအပြန် လေကြောင်းခရီးစဉ်များအားလုံးကို ဧပြီ ၂၃ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း မော်ရိုကို အမျိုးသား လေဆိပ်ရုံး (ONDA) က ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ယင်းသို့ ဆိုင်းငံ့မှုမှာ ယာယီဖြစ်ပြီး အခြားနိုင်ငံများမှတစ်ဆင့် ရောက်ရှိလာသော အိန္ဒိယမှ ခရီးသည်များ ဝင်ရောက်မှုကိုလည်း စိုးရိမ်မိကြောင်း ONDA က ဖြည့်စွက်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၃၃၂,၇၃၀ ဦးနှင့် သေဆုံးသူ ၂,၂၆၃ ဦးရှိခဲ့ပြီး ယင်းကိန်းဂဏန်းနှစ်ခုလုံးမှာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ယခင်ကလည်း မော်ရိုကိုနိုင်ငံသည် နိုင်ငံပေါင်း ၅၀ ကျော်မှ လေကြောင်းခရီးစဉ်များကို မေ ၂၁ ရက်အထိ ဆိုင်းငံ့ထားခြင်းဖြစ်သည်။

မော်ရိုကိုနိုင်ငံသည် ပိုမိုကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိမှုဖြင့် ရက်သတ္တပတ် လေးပတ်ဆက်တိုက် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသည်။

ဧပြီ ၂၃ ရက်အထိ မော်ရိုကိုနိုင်ငံတွင် စုစုပေါင်း COVID-19 ရောဂါကူးစက်သူ ၅၀၈,၅၃၀ ဦး၊ သေဆုံးသူ ၈,၉၈၃ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၄၉၄,၄၁၅ ဦးရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၄,၇၁၇,၅၅၁ ဦးရှိခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၄,၂၀၉,၄၇၀ ဦးရှိပြီဖြစ်သည်။

တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေး ပထမအကြိမ်တင်ပို့မှု ရောက်ရှိလာပြီးနောက် မော်ရိုကိုနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Morocco suspends all flights with India to curb COVID-19 spread
2021-04-24 05:54:08
RABAT, April 23 (Xinhua) — Morocco on Friday suspended all flights to and from India to curb the spread of the new COVID-19 variants, the Moroccan National Airport Office (ONDA) said in a statement posted on its website.
The suspension is temporary, and concerns also the entry of passengers of India arriving through other countries, ONDA added.
India recorded 332,730 new COVID-19 cases and 2,263 deaths during the past 24 hours, both figures hitting record high, its health ministry said Friday.
Previously, Morocco has suspended flights with more than 50 countries, until May 21.
Morocco is witnessing an increase in COVID-19 cases for the fourth consecutive week with the registration of more contagious variants.
By Friday, COVID-19 infections in Morocco have totalled 508,530, with 8,983 deaths and 494,415 recoveries.
Meanwhile, 4,717,551 people have received so far the first vaccine shots against COVID-19 in the country, and 4,209,470 the second doses.
The North African country launched a nationwide vaccination campaign on Jan. 28 after the arrival of the first shipment of China’s Sinopharm vaccines. Enditem
Medical workers use test kits to diagnose COVID-19 virus at a laboratory in Rabat, Morocco, on Jan. 20, 2021. (Xinhua/Chadi)