နယူးဒေလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) ၌ ယနေ့နံနက်အစောပိုင်းတွင် ရေနှုတ်မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။(Xinhua)
နယူူးဒေလီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပန်းရောင်မြို့တော်ဟု လူသိများသည့် ဂျိုက်ပူမြို့(Jaipur) ကို ယူနက်စကို(UNESCO) ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရာဇဌာန်(Rajasthan)ပြည်နယ် Barmerဒေသတွင် ဇွန် ၂၃ ရက်က ရွေ့လျားနေအိမ်ပြိုကျမှုတစ်ခု ဖြစ်ပွား ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သဖြင့် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသနပြုရာတွင် ပြည်နယ်အစိုးရအား ထောက်ပံ့ပေးရန် အိန္ဒိယအစိုးရက ပြည်နယ်အတွင်း မူဇက်ဖ်ဖာပါရ်ခရိုင်သို့ အဆင့်မြင့်ဘက်စုံထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့...
နယူးဒေလီ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်နိုင်ငံ သွင်းကုန်ပစ္စည်း ၂၈ မျိုးအပေါ် ဇွန် ၁၆ ရက်မှစ၍ အခွန်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမိုးလေဝသဌာန(IMD) က အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် အူထရာပရာဒတ်ရှ် ၊ ဟာယနာ ၊ ဒေလီ စသည့်ပြည်နယ်များ နှင့် ချန်ဒီဂရပ် ဒေသများတွင် အပူလှိုင်းကျရောက်သည့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovindက လက်ရှိဝန်ကြီးချုပ် နာရန်ဒြာ မိုဒီအား ဒုတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အတည်ပြုကြောင်း မေ ၂၅ ရက်က ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းရန် အမိန့်ပေးခဲ့ကြောင်း...
နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ) အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။
နယူးဒေလီ ၊ မေ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် မေလ ၁၁ ရက် ၌ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
နယူးဒေလီ ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်၌ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၃ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။